
အခွင့်ရှိရင်
အဆုံးမရှိ မြက်ခင်းပြင်ထဲ နှစ်ယောက်အတူလှဲ .....
ကြယ်တွေကို ရေတွက်ကြမယ် ။
မင်းလက်ကိုဆွဲ ထာဝစဉ်ပဲ ...
ဘ၀ရေစီးကြောင်းကို ဆန်တက်ကြမယ် ။
ရနံ့ကမွှေး နှင်းဆီနီလေး ....
မင်းပန်ဖို့အတွက် စိုက်ပျိုးချင်တယ် ။
မင်းရဲ့မျက်ရည် သောကဝေရင် .....
ပျော်စရာတွေဖန်တီး မင်းအနားပျော်တော်ဆက်လေးဖြစ်ချင်တယ် ။
အခွင့်ရှိမယ်ဆိုရင်ပေါ့ ။