အချစ်ရေ...
မင်းကို ရူပဗေဒသီအိုရီ တစ်ခုပြောပြမယ် ..
“ သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုရှိတယ်” တဲ့ ..
ဒါဆိုရင် ..
ငါလွမ်းတဲ့ မနက်တွေမှာ မင်းကဘယ်လိုလဲ ...
ငါလွမ်းတဲ့ ညတွေမှာ မင်းကဘယ်လိုလဲ ...
ငါလွမ်းတဲ့ အိပ်မက်တွေမှာ မင်းကဘယ်လိုလဲ ...
ငါအမြဲဆုတောင်းနေတယ် “ဒီ သီအိုရီလေး ငါနဲ့ မင်းပေါ်မှာ ထာဝရ တည်တံ့ပါစေ” လို့ပေါ့ .... ..
No comments:
Post a Comment