Gallary

Showing posts with label ဂျပန်ကဗျာ. Show all posts
Showing posts with label ဂျပန်ကဗျာ. Show all posts

Friday, July 25, 2008

ဂျပန်ကဗျာ ..

ကျနော်တို့နိုင်ငံဟာ ဖက်ဆစ်ဂျပန်တို့ရဲ့လက်အောက်ကို ကျရောက်ဖူးပါတယ်။ အဲ့ဒါကြောင့် ကျနော်တို့ရဲ့ မြန်မာ့သမိုင်းမှာ ဂျပန်တွေဟာ အရိုင်းအစိုင်း တွေအဖြစ်နေရာယူခဲ့ဖူးပါတယ်။ တကယ်တော့ ဂျပန်ဆိုတာထက် ဖက်ဆစ်ဆိုတဲ့စနစ်က ဆိုးသွမ်းခဲ့တာပေါ့ .. . ။ ဂျပန်တွေဟာ ကြိုးစားတယ် စည်းကမ်းကြီးတယ် ဆိုတဲ့နေရာမှာ အပြောတော့မဟုတ်ပါဘူး ။ ခုဆိုရင် အာရှကသာမက ကမ္ဘာကပါ အသိအမှတ်ပြုရလောက်အောင် ဖွံ့ဖြိုး တိုးတက်တဲ့နိုင်ငံ ဖြစ်နေပြီပေါ့။ ဂျပန်ပစ္စည်းဆိုရင်ကောင်းပါ့ လို့ဆိုရအောင် ပြောစမှတ်တွင်တယ် ။စာအုပ်ထဲ မှာတော့ ဖတ်ဖူးတယ် အတွေ့အသိအများဆုံးက ဂျပန်လုပ်လူစီးကား တွေဖြစ်ပြီး အတွေ့အသိအနည်းဆုံးက ဂျပန်ကဗျာ တွေပါတဲ့ ...။ ဟုတ်လဲ ဟုတ်ပါတယ် ကျနော့်အနေနဲ့ပေါ့နော် ။ ဂျပန်ကဗျာတွေကို သိပ်မဖတ်ဖြစ်ဘူး ။ အဲ့ဒီတောခုဖတ်လိုက်ရတဲ့ ဂျပန်ကဗျာတစ် ပုဒ်ကို တင်ပေးလိုက်ပါတယ်။ နောင်လည်း ဂျပန်ကဗျာတွေကိုရှာ ပြီး တင်ပေးမယ်လို့ စိတ်ကူထားတယ်။

“အကုန်သက်သာသောလ”

လကို ငါ ဘာကြောင့် စားမရတာလဲ
အဲ့ဒါကို စဉ်းစားလို့ မရဘူး။
ဆာလောင်နေတဲ့ ငါးတစ်ကောင်ဟာ
ကန်ရေထဲမှာ အရိပ်ထင်နေတဲ့လကို
ကျွတ်ကျွတ်ဝါးရင်း ပြောတယ်။
ငါ စားတာပဲ၊ စားနေတာပဲ
စားနေလျက်နဲ့ အဲဒါကပျောက်မသွားဘူး။
အံ့ရော၊ ဒါဟာ မကုန်ခမ်းနိုင်တဲ့ အရာလား
အံ့ရော။
ရေထဲမှာ အရိပ်ထင်နေတဲ့ လကို
ဆာလောင်စွား တကျွတ်ကျွတ်ဝါးရင်း
ကန်ထဲကငါးဟာ ဆီမန်းသလို တတွတ်တွတ်
ပြောနေတယ်။

( နိုမူယာ )