Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts
Wednesday, August 6, 2008
စိတ်သာချ
ခရီးထွက်ရန်ပြင်ဆင်နေသော လူတစ်ယောက်သည် သူ့မိန်းမကို စိတ်မချနိုင်ဖြစ်နေသဖြင့် အိမ်အတွင်း၌ သော့ခတ်ထားပြီး သော့အား ဘေးအိမ်ရှိ သူ၏ သူငယ်ချင်းအား အပ်ထားခဲ့ကာ “ သူငယ်ချင် ငါစိတ်ချခဲ့မယ်နော်” ဟုပြောကာ ထွက်လာခဲ့လေသည်။ သို့နှင့် တော်တော်လေးလျှောက်လာ မိ သော အခါ သူ၏ သူငယ်ချင်းက အပြေးလိုက်လာပြီးပြောလိုက်ပုံက “ သူငယ်ချင်းရေ မင်းပေးခဲ့တဲ့ သော့ကမှားနေတယ်” ဟူ၏ ။
Thursday, July 10, 2008
ချစ်ပါ့
လက်ထပ်ပြီးကာစ ဇနီးမယားအသစ်ကလေးမှာ အိမ်ထောင်အထိန်းအသိမ်း ညံ့ဖျင်း၏။ အလုပ်လုပ်ရန် လည်းပျင်းရိသည်။ တစ်နေ့ ဧည့်ခန်းစားပွဲပေါ်တွင် ဖုန်မှုန့်များတတ်နေသည်ကို တွေ့ရသဖြင့် ယောက်ျား ဖြစ်သူက မိန်းမဖြစ်သူကိုလည်း အပြစ်မတင်ရက်၊ ကိုယ်တိုင်လုပ်ရန်လည်းအချိန်မရှိသဖြင့် “ကိုယ် မင်းကိုချစ်တယ်” ဟု ဖုန်မှုန့်များပေါ်တွင်လက်ညှိးဖြင့် စာရေးထားခဲ့လေသည်။
ညနေ အလုပ်မှပြန်လာသောအခါ ယောက်ျားဖြစ်သူက ဧည့်ခန်းစားပွဲကို လှမ်းကြည့်လိုက်ရာ မိန်းမဖြစ် သူရေးထားသော စာတစ်ကြောင်းကိုတွေ့ရလေသည်။ “ကျမလည်း မောင့်ကိုချစ်ပါတယ်” ဟူ၏။
အော်တယ်လဲ ချစ်တတ်တဲ့ မိန်းမ .. . မိန်းမ

( ဖတ်လိုက်ရတဲ့ ဟာသလေးတစ်ပုဒ်ကို တင်လိုက်တာ ။ သူငယ်ချင်းတို့လည်း ရီရအောင်လို့ ပေါ့။ )
ညနေ အလုပ်မှပြန်လာသောအခါ ယောက်ျားဖြစ်သူက ဧည့်ခန်းစားပွဲကို လှမ်းကြည့်လိုက်ရာ မိန်းမဖြစ် သူရေးထားသော စာတစ်ကြောင်းကိုတွေ့ရလေသည်။ “ကျမလည်း မောင့်ကိုချစ်ပါတယ်” ဟူ၏။
အော်တယ်လဲ ချစ်တတ်တဲ့ မိန်းမ .. . မိန်းမ

( ဖတ်လိုက်ရတဲ့ ဟာသလေးတစ်ပုဒ်ကို တင်လိုက်တာ ။ သူငယ်ချင်းတို့လည်း ရီရအောင်လို့ ပေါ့။ )
Monday, July 7, 2008
ကျား နဲ့ မ ဒဿန
Sunday, June 29, 2008
ချစ်ဖို့ကောင်းတဲ့ ကောင်လေး
Boss is not here! ( ကဲသာကဲ..... ကဲသာကဲ မင်းဂရုမစိုက်နဲ့ )
Boss is calling. ( သေပြီဆရာ )
In a meeting. ( အိပ်မက်ထဲ မှာလည်းမင်းပေါ့ကွာ )
Training .( ကြည့်ကွေးဆောင် ခွာကိုက်တောဆုံဆုံခွေ့) တရုတ်စကားပြော သင်တန်း
Tea break. ( ဒန်တန့်တန် ဒန်တန့်တန် )
Before noon in weekend. ( တနေကုန်ပင်ပန်းလာသမျှ စောင်ခြုံကွေး ဟေးဟေး )
Ready for getting offwork. ( ဟိုတွားမယ် ဒီတွားမယ် တယ်တဲ့တယ် )
Tomorrow is holiday. ( ရက်စ် အသကုန်ကဲမယ်ဟေ့ )
Got today's target from boss. ( ညစ်ဒယ် ညစ်ဒယ် ညစ်ဒယ်)
Tough target. ( နာ့ဘ၀တော့ ပျက်ပါပီဂျ )
Find impossible to meet boss requirement. ( သေတာက မှ အေးအုံးမယ် အဟီးးးးးးးးးး )
OT for 2 hrs. ( ငါ့နှယ် နော် ချိန်းထားတာတော့ တွားပါပီဟ )
OT for a whole night. ( လုံးဝ လုံးဝ ညည်းခံနိုင်တော့ဘူး )
Being notified to OT weekends.
Made mistakes in work. (ကံဆိုးမသွားရာမိုးလိုက်လို့ရွာ အာဟား အာဟား)
Little achievement. ( ငါကွ .. အားလုံးကိုသောက်ချဉ်ပဲ )
Frustrating things happens. ( အဟီး ...အမေ့ကိုပဲတတိရဒယ် အိမ်ကျန်တော့မယ် )
Finance person doesn't give the money. ( ......မသား တေစမ်းဟယ် )
Being advised no Bonus this year. ( အားးးးး !@#$%^&*&^%##@ )ကျနော့်အတိုင်းပဲ ...။ သူငယ်ချင်း မင်းရီနေတယ်မဟုတ်လား အဟတ်အဟတ် :D
Subscribe to:
Posts (Atom)
