Gallary

Saturday, August 16, 2008

အနုပညာပြောင်းလဲဖြစ်ပေါ်မှု အဆင့်သုံးဆင့်


လူ့ယဉ်ကျေးမှုဖြစ်ပေါ်တိုးတက်ရေးအစဉ်မှာအပြောင်းအလဲများကြုံရတတ်ပါသည်။အချို့ဆရာများကလည်းအကွေ့အလှည့်ဟုသုံးနှုန်းတတ်ကြပါသည်။အပြောင်းအလဲအကွေ့အလှည့်တိုင်းမှာအဆင့်သုံးဆင့်ရှိသည်ဟုကျနော်မှတ်သားဖူးပါသည်။ထိုအကြောင်းကိုကျနော်တင်ပြပါမည်။ သဘောတူမတူမှာစာဖတ်သူ၏ အလိုအတိုင်းသာ ဖြစ်ပါသည်။
ကျနော်ကတော့ထိုအဆိုကိုသဘောတူပါသည်။အထူးသဖြင့်အနုပညာမှာဤတိုင်းပင်ဖြစ်ပျက်ပြောင်းလဲတိုးတက်သည်ဟု ကျနော် ယုံကြည်စွဲမှတ်ပါသည်။

အဆင့်သုံးဆင့်

ခေတ်အဆက်ဆက်ကနှစ်ရှည်လများလူသားတို့ဖန်တီးပြုစုတည်ဆောက်ခဲ့ကြသောယဉ်ကျေးမှုအနုပညာအရပ်ရပ်သည် ကြီးမားပြင်းထန်အရေးပါသောအပြောင်းအလဲအကွေ့အလှည့်တစ်ခုခုကိုကြုံတိုင်း ဆင့်သုံးဆင့် ကို ဖြတ်သန်းပြောင်းလဲ တိုးတက်သွားတတ်ပါသည်။ ထိုအဆင့်သုံးဆင့်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ ပိုင်းစ စိတ်မြွှာ ပြိုကွဲခြင်း ( FRAGMENTATION AND DISINTEGRATION )

၂။ ပြန်လည်စုစည်းတည်ဆောက်ခြင်း ( RE-STRUCTURING )

၃။ အသစ်ဖန်တီးဖော်ထုတ်ခြင်း ( SUPERINTEGRATION )




၁။ ပိုင်းစစိတ်မြွှာပြိုကွဲခြင်း


အနုပညာရပ်အသီးသီးမှာ အတွေးအခေါ်များ၊ အယူအဆ သီဝရီများ၊ တန်ဖိုးသတ်မှတ်ချက်များ၊ နှုန်းစံများ၊ အခြင်းအရာလက္ခဏာများ ရှိပါသည်။ ယင်းတို့ကို ခေတ်အဆက်ဆက် နှစ်ရှည်လများ လူသားတို့က ပြုစုတည်ဆောက်ခဲ့ပါသည်။ ထိုအခြင်းအရာ လက္ခဏာရပ်များ အပိုင်းပိုင်း အစစ စိတ်မြွှာကွဲကျေ၍သွားခြင်း (၀ါ) ခွဲချေဖြိုဖျက်ပစ်လိုက်ခြင်းသည် ပထမအဆင့်ဖြစ်ပါသည်။ ဤအဆင့်သည် အရှုပ်ထွေးဆုံး၊ အဆူညံဆုံးအဆင့် ဖြစ်ပါသည်။
ဤအဆင့်ကို အပေါ်ယံရှပ်၍ကြည့်ပါက ပုန်စားပုန်ကန်မှု REBELLION တစ်ခုဟု အမှတ်မှားတတ်ကြပါ သည်။ စည်းပျက်ကမ်းပျက် ကလေကချေ အလေနတော သရုပ်ပျက် BOHEMIAN လက္ခဏာများဟုလည်း အမှတ်မှားတတ်ကြပါသည်။ အနုပညာရှင်လူကြီးတွေပြောသမျှ လူငယ်တွေကလက်မခံ။ လူကြီးတွေ၏ စံ က လူငယ်တွေနှင်မကိုက်။ အလွန်ရှုပ်ထွေးဆူညံ၍ အရောရောအနှောနှောဖြစ်သောကာလဟု ပြောရပါမည်။
အစဉ်အမြဲ အသစ်တို့ကိုရှေးရှုသော မည်သည့်အခါမှ ရှိပြီးသားနှင့် မကျေနပ်နိုင်သော အမြဲဖန်တီး၍ နေတတ်သော အနုပညာ ( ၀ါ ) အနုပညာသမားတို့၏ သဘာဝကိုမြင်အောင်မကြည့်။ ထို အသိမဆိုက်သူ အဖို့ ဤသို့သော ပထမအဆင့်ကို လက်ခံနိုင်မည်မဟုတ်ပါ။ ဤအဆင့်သည် ထိတ်လန့်တုန်လှုပ်ဖွယ်ရာမဟုတ်။ မလွဲမသွေ ကြုံတွေ့ ရမည်ဖြစ်သော သမိုင်းအမှန်တရားတစ်ခုအဖြစ် ကျနော်ယုံကြည်စွာတင်ပြခဲ့ပါသည်။



၂။ ပြန်လည်စုစည်းတည်ဆောက်ခြင်း

တစ်ပိုင်းတစ်စစီ အစိပ်စိပ်အမြွှာမြွှာ ပြိုကွဲပျက်စီးသွားသော အတွေးအခေါ်များ၊ အယူအဆသီဝရီများ၊ တန်ဖိုးသတ်မှတ်ချက်များ၊ နှုန်းစံများကို ပြန်လည်စုစည်းတည်ဆောက်သော အဆင့်သည် ဒုတိယအဆင့်ဖြစ်ပါ သည်။ ဤကာလသည် အလွန်အမင်း ရှုပ်ထွေးဆူညံခြင်းမရှိတော့ပါ။ တစ်နည်းမှာ အနုပညာ အသိမဆိုက်သများ ၏ ဆူပူကန့်ကွက်သံ တိတ်သွားပါသည်။
လုံ့လ၀ီရိယကြီးသူများ၊ စိတ်ရင်းစေတနာမှန်သူများ၊ အနုပညာစိတ်ရှိသူများ အားထုတ်ကြိုးပမ်းသောကာလ ဖြစ်ပါသည်။ သတိပြုစေလိုသည်မှာပြန်လည်စုစည်း တည်ဆောက်ခြင်းသည် အပိုင်းအစ အကျိုးအပျက်အပဲ့အရွဲ့ များကို ဟိုတစ်စသည်တစ်စ ဆက်စပ်ယူခြင်းမဟုတ်ပါ။ ကိုယ့်အနုပညာနယ်ထဲက အခြင်းအရာများကိုပင် ပြန်လည်စုစည်းတည်ဆောက်ရမည်ကို ဆိုလိုပါသည်။ ကာရန်စနစ် ပြောင်းချင်ပြောင်းမည်။ ကာရန် လုံးဝမဲ့ချင်မဲ့ မည်။ သို့သော် ဘာသာစကားထဲက ပြန်လည်စုစည်း ရှာဖွေဖော်ထုတ်လိုက်သော “ အသစ်များ” ဖြစ်ပေါ်ရေးကို ရှေ့ရှုဦးတည်ရမည်ဟု ဆိုလိုပါသည်။


၃။ အသစ်ဖန်တီးဖော်ထုတ်ခြင်း

ဤအဆင့်သည် အသစ်များ ထွန်းကားအခြေကျရသော အဆင့်ဖြစ်ပါသည်။ ဒုတိယအဆင့်မှာ လုံ့လ၀ီရိကြီးသော၊ စိတ်ရင်းစေတနမှန်သော အနုပညာသမားများကြိုးစား စုစည်းခဲ့ကြသည်။ အခြင်းအရာ လက္ခဏာရပ်များသည် အနုပညာပစ္စည်းအသစ်အဖြစ် ဖြစ်ပေါ်တိုးတက် ပြီးစီးသွားပြီဟု ဆိုရပါမည်။ အဆင့်သုံးဆင့်ကို ကျနော်မှတ်သား ဖူးသော သီဝရီတရပ်မှယူ၍ တင်ပြလိုက်ပါသည်။

မြန်မာနိုင်ငံ၏ အနုပညာအရပ်ရပ် ပြောင်းလဲဖြစ်ပေါ်မှု ( ၀ါ ) အကွေ့အလှည့်သည် မည်သည့်နေရာတွင် ရောက် နေသည်လဲ။ ရောက်နေပြီလား ... လိုသေးသည်လား ။ မည်သည့်ခြေအနေတွေဖန်တီးဖို့ လိုအပ်သလဲ ဟူသော မေးခွန်းများကို ကျနော်တို့ ဖြေဆိုကြဖို့ပဲဖြစ်ပါသည်။ နိဂုံးစကားအဖြစ် ကျန်ာအထက်တစ်နေရာမှာတင်ပြ ခဲ့သည့် အတိုင်း ဤအဆင့်သုံးဆင့် သီဝရီကို လက်ခံခြင်း၊ ငြင်းပယ်ခြင်းမှာ စာဖတ်သူများ အလိုအတိုင်းသာဖြစ်ပါလိမ့် မည်။ ကျနော်ကတော့ ဤအဆိုကို ယုံကြည်စွဲမှတ်ပါသည်။


မှတ်ချက် ( အနုပညာစံ ဆိုသည့်စာအုပ်ထဲမှ ကောက်နုတ်ဖော်ပြသည် ။)

Friday, August 15, 2008

Blood Windows Virus

ဟိုတစ်နေ့ က Internet Journal ထဲဖတ်လိုက်ရတယ် ဘာတဲ့ Blood Windows ဆိုလား။ သိပ်မကြာပါဘူး ကိုယ်တော်ချောက အကြောင်းမကြားဘာမကြားနဲ့ ကျနော့် ကွန်ပျူတာထဲကို ရောက်လာပါရောဗျို့ ။ ပထမတော့ မသိသေးဘူးဗျာ .. . Taskbar က ပေါ်လိုက်ပျောက် လိုက်နဲ့၊ မှိတ်တုတ် မှိတ်တုတ်လေးဖြစ်နေတာ ဟ ဘာဖြစ်တာလဲလို့ပေါ့။

ပထမ TaskManager ခေါ်ကြည့်တယ်မရ ..၊ Registry လာပါအုံးဟ .. .မရ၊ဟယ်လာလေရော့ system restore အဆင်မပြေ ၊ ဒုက္ခ ပဲ အဲ့ဒါမှ …….

နောက်တော့ ဖုန်းသံလေးဟော စပြီ အဲအဲ ကွန်ပျူတာ မျက်နှာပြင်တစ်ခုလုံး သွေးရောင်တွေ ငါ့နှယ် ကျောချမှ ဗိုင်းရပ်စ်မှန်းသိနေပြန်ပြီ ..။


Blood Windows ရဲ့လုပ်ဆောင်ချက်များ


  • Folder များကိုပွား၍ Speaker Icon များအဖြစ်ပြောင်းလဲတတ်သည်။
  • Windows တက်စတွင် One Miss Call ကိုရီးယားဇာတ်ကားထဲက ဖုန်းမြည်သံကိုကြားရသည်။
  • Screen တစ်ခုလုံးသွေးရောင်လွှမ်းသွားတတ်သည်။
  • Taskbar ပေါ်သို့ Mouse Pointer တင်လိုက်သည်နှင့် Taskbar မှိန်ကျသွားတတ်သည်။



ကဲအဲ့ဒါနဲ့ လက်သုံးတော် antivirus ထုတ်လို့ အမျိုးဖြုတ်ပစ်လိုက်တယ်။ အဲ့ဒီ antivirus လေးကတော့တကယ့်ကို မြန် ကောင်း သက်သာ ပဲ။ Virusမိတာမြန်တယ်၊ကောင်းကာင်းလဲသတ်နိုင်တယ်၊updateလုပ်ရတဲ့အချိန်လည်းတော်တော်သက်သာတယ်။ ချီးမွမ်းခန်းဖွင့်နေတာနဲ့နာမည်တောင် မပြောရသေးဘူး သူ့နာမည်က Twister လို့ခေါ်တယ်ဗျ။

သူငယ်ချင်းတို့လည်း စမ်းသုံးလို့ရအောင် အဖိုးအခမပါ ကြေငြာလိုက်ရပါတယ်ခင်ဗျာ။


ကဲသေစမ်းဟဲ့ ရပ်ကွက်လူကြီး အဲအဲ မှားလို့ Virus ။

Sunday, August 10, 2008

ဥုံမခံ ဂါထာ

လေ အဝှေ့လောက် နဲ့တော့ ငါ့ သိက္ခာလွင့်ပါမသွားပါဘု ...။
ဒီတခါ သည်းခံလိုက်မယ်။
မပြောပလောက်ပါဘူး
ဆင်ကောင်ကို ခြင်ကောင် ၀ါးသလိုပ ...
အော့အန် ချင်စရာ ဒီမသာပုပ်ကတော့
ပြောလိုက်လျင် စွန့်ကြဲချင်စရာ မျက်နှာပေးရယ်နှင့်
နောက်ကွယ်မှာ အကြံဆိုးတွေပေါ့
နောင်တခါ လာမတုလေနှင့်
နင့်ဥာဏ်ဆိုတာဟာပ
နင့်အမေငါနဲ့ ရက
မွေးတဲ့သားအရွယ် ...။


( အားလုံး ကန်တော့ပါရဲ့ဗျာ မထိန်းနိုင်တော့ လို့ ဘလော့ဂ်ပေါ်အန်ချလိုက်တာ )

Wednesday, August 6, 2008

စိတ်သာချ

ခရီးထွက်ရန်ပြင်ဆင်နေသော လူတစ်ယောက်သည် သူ့မိန်းမကို စိတ်မချနိုင်ဖြစ်နေသဖြင့် အိမ်အတွင်း၌ သော့ခတ်ထားပြီး သော့အား ဘေးအိမ်ရှိ သူ၏ သူငယ်ချင်းအား အပ်ထားခဲ့ကာ “ သူငယ်ချင် ငါစိတ်ချခဲ့မယ်နော်” ဟုပြောကာ ထွက်လာခဲ့လေသည်။ သို့နှင့် တော်တော်လေးလျှောက်လာ မိ သော အခါ သူ၏ သူငယ်ချင်းက အပြေးလိုက်လာပြီးပြောလိုက်ပုံက “ သူငယ်ချင်းရေ မင်းပေးခဲ့တဲ့ သော့ကမှားနေတယ်” ဟူ၏ ။

Sunday, August 3, 2008

Windows xp ရဲ့ DNS Cachesize ကိုတိုးခြင်း

DNS Cache ဆိုတာ ကျနော်တို့ ခုကြည့်နေတဲ့ Website လိပ်စာတွေကိုသိမ်းဆည်း ထားတဲ့နေရာ လေးပေါ့။ သူ့အသုံးဝင်ပုံကတော့ ဒီလိုဗျ .. website ကြည့်တဲ့သူက webpage တစ်ခုရဲ့ Address ကိုဝင် လိုက်ရင် အဲ့ဒီ Address ကို Internet ကနေတဆင့်သွားမတောင်းမီ DNS Cache ထဲကိုဝင်ပြီး သိမ်း ဆည်းထားတဲ့ လိပ်စာများကိုကြည့်ပါတယ်။ အဲ့ ကိုယ်သွားချင်တဲ့ လိပ်စာက အဲ့ဒီထဲမှာရှိနေရင် ဆွဲယူအသုံးပြုလိုက်ပါတယ်ခင်ဗျ ။ ဒီတော့ အချိန်ကုန်သက်သာတာ ပေါ့ဗျာ။ ဆိုတော့ကာ DNS Cachesize ကို တိုးထာခြင်းဖြင့် Website တွေကြည့်တဲ့အခါ ပိုမြန်လာမှာပေါ့။
ကဲ DNS Cachesize ကိုတိုးကြည့်ကြရအောင်လား ....

1. regedit ကိုဖွင့်ပါ။

2.HKEY_LOCAL_MACHINE\System\CurrentControlSet\Services\Dnscache\Parameters ကိုသွားပါ။

3. CacheHashTableBucketSize = 1
CacheHashTableSize = 180
MaxcacheEntryTtlLimit = ff00
MaxSOACacheEntryTtlLimit = 12d အဲ့ဒီလို DWORD Value တွေကို သွားရေးပါ။

4. Restart လုပ်ပါ။








အားလုံးအမြန်ဆုံးနည်းနဲ့ ပကန် ( ပန်းကန် ) လုံးစီးနိုင်ကြပါစေဗျာ။