Gallary

Saturday, July 26, 2008

Service များကိုရပ်တန့်ခြင်း

service ဆိုတာ application တစ်ခုရဲ့နောက်ကွယ်ကနေ run တဲ့စနစ်တွေပေါ့ ။ တခါတလေမှာ မလိုအပ်တဲ့ service တွေ run ထားရင် ကျနော်တို့ရဲ့ computer ဟာ အလုပ်ပိုလုပ်နေရတတ် ပါတယ်။ အဲ့ဒီတော့ မလိုအပ်တဲ့ service တွေကို ပိတ်ထားဖို့ လိုအပ်ပါတယ်။ ဥပမာ ဂိမ်းဆော့တဲ့ လူတစ်ယောက်က print ထုတ်ရာမှာ လုပ်ဆောင်ပေးတဲ့ print spooler service ကို သူ့စက်မှာ run ထားဖို့မလိုအပ်ဘူးပေါ့ ။ ဒီလိုမှမဟုတ်ရင် ဂိမ်းဆော့နေစဉ်အတွင်း စက်ရပ်သွားခြင်း၊ ထစ်သွားခြင်း တွေ ကြုံနိုင်တယ် ။
အဲ service တစ်ခုကိုပိတ်တော့မယ် ဆိုရင် Start ==> Run သွားပြီးဘောက်စ်ထဲမှာ services.msc လို့ရိုက်ထည့်လိုက်ပါ။ OK ပြီးရင် ပိတ်ချင် တဲ့ service ကို Double Click နှိပ်ပြီး stop ဆိုတာကိုရွေး ပေးရမယ်လေ။

ကျနော်ပြောချင်တာက အဲ့ဒီလို service တွေကိုတစ်ခုချင်း လိုက်ပိတ်စရာမလိုပဲ click နှစ်ချက် နှိပ် လိုက်တာနဲ့ ပိတ်ချင်တဲ့ service တွေအား လုံး stop ဖြစ်သွားအောင်လုပ်တာကိုပြောချင်တာပေါ့ ။ ပထမအဆင့်နေနဲ့ Desktop ပေါ်မှာ Text Fileတစ်ခုဖန်တီးပါ။ ၄င်း Text ဖိုင်အတွင်းတွင် အောက်ပါ အတိုင်းပိတ်ချင်သော service name များကို ရိုက်ထည့်လိုက်ပါ။
(မှတ်ချက် ။ ။ ပိတ်ချင်သော service များသည် အသုံးပြုမည့် application များအတွက် run နေသော service များမဖြစ်ရန်အလွန်အရေးကြီးပါသည်။ )

NET STOP "Print Spooler"
NET STOP "Error Reporting Service"
NET STOP "Help and Support"
NET STOP "Messenger"
NET STOP "System Restore Service"
NET STOP "Automatic Updates"
NET STOP "Kaspersky Anti-Virus 6.0"
NET STOP "Wireless Zero Configuration"
NET STOP "Security Center"
NET STOP "Remote Procedure Call (RPC)"
NET STOP "NetMeeting Remote Desktop Sharing"
NET STOP "Remote Registry"

အဲ့ဒီအတိုင်း တစ်ကြောင်းချင်းစီရိုက်ထည့်ပါ။
ထို့နောက် ၄င်း Text File ကို Net Stop.bat ဟု save လိုက်ပါ။ရရှိလားသော Net Stop.bat ဖိုင်လေးကို Double Click နှိပ်ခြင်းဖြင့် ပိတ်ထားချင်သော service များအားလုံးတပြိုင် နက် တည်း ရပ်တန့်သွားပါလိမ့်မည်။
၎င်း service များကို Start ပြန်လုပ်ချင်ပါက ရှေ့ကပုံစံအတိုင်း NET STOP နေရာတွင် NET START ဟုပြောင်းလဲပြီး ပြုလုပ်နိုင်ပါသည်။

(ကျနော်သိသလောက်အနည်းငယ်ကိုမျှဝေခြင်းဖြစ်ပါသည်။ အားနည်းချက်များ မပြည့်စုံမှုများရှိ ကောင်းရှိနိုင်ပါ သည်။ အမှားအယွင်းများပါခဲ့ ပါက ပြန်လည်ပြင်ဆင်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ )

Friday, July 25, 2008

ဂျပန်ကဗျာ ..

ကျနော်တို့နိုင်ငံဟာ ဖက်ဆစ်ဂျပန်တို့ရဲ့လက်အောက်ကို ကျရောက်ဖူးပါတယ်။ အဲ့ဒါကြောင့် ကျနော်တို့ရဲ့ မြန်မာ့သမိုင်းမှာ ဂျပန်တွေဟာ အရိုင်းအစိုင်း တွေအဖြစ်နေရာယူခဲ့ဖူးပါတယ်။ တကယ်တော့ ဂျပန်ဆိုတာထက် ဖက်ဆစ်ဆိုတဲ့စနစ်က ဆိုးသွမ်းခဲ့တာပေါ့ .. . ။ ဂျပန်တွေဟာ ကြိုးစားတယ် စည်းကမ်းကြီးတယ် ဆိုတဲ့နေရာမှာ အပြောတော့မဟုတ်ပါဘူး ။ ခုဆိုရင် အာရှကသာမက ကမ္ဘာကပါ အသိအမှတ်ပြုရလောက်အောင် ဖွံ့ဖြိုး တိုးတက်တဲ့နိုင်ငံ ဖြစ်နေပြီပေါ့။ ဂျပန်ပစ္စည်းဆိုရင်ကောင်းပါ့ လို့ဆိုရအောင် ပြောစမှတ်တွင်တယ် ။စာအုပ်ထဲ မှာတော့ ဖတ်ဖူးတယ် အတွေ့အသိအများဆုံးက ဂျပန်လုပ်လူစီးကား တွေဖြစ်ပြီး အတွေ့အသိအနည်းဆုံးက ဂျပန်ကဗျာ တွေပါတဲ့ ...။ ဟုတ်လဲ ဟုတ်ပါတယ် ကျနော့်အနေနဲ့ပေါ့နော် ။ ဂျပန်ကဗျာတွေကို သိပ်မဖတ်ဖြစ်ဘူး ။ အဲ့ဒီတောခုဖတ်လိုက်ရတဲ့ ဂျပန်ကဗျာတစ် ပုဒ်ကို တင်ပေးလိုက်ပါတယ်။ နောင်လည်း ဂျပန်ကဗျာတွေကိုရှာ ပြီး တင်ပေးမယ်လို့ စိတ်ကူထားတယ်။

“အကုန်သက်သာသောလ”

လကို ငါ ဘာကြောင့် စားမရတာလဲ
အဲ့ဒါကို စဉ်းစားလို့ မရဘူး။
ဆာလောင်နေတဲ့ ငါးတစ်ကောင်ဟာ
ကန်ရေထဲမှာ အရိပ်ထင်နေတဲ့လကို
ကျွတ်ကျွတ်ဝါးရင်း ပြောတယ်။
ငါ စားတာပဲ၊ စားနေတာပဲ
စားနေလျက်နဲ့ အဲဒါကပျောက်မသွားဘူး။
အံ့ရော၊ ဒါဟာ မကုန်ခမ်းနိုင်တဲ့ အရာလား
အံ့ရော။
ရေထဲမှာ အရိပ်ထင်နေတဲ့ လကို
ဆာလောင်စွား တကျွတ်ကျွတ်ဝါးရင်း
ကန်ထဲကငါးဟာ ဆီမန်းသလို တတွတ်တွတ်
ပြောနေတယ်။

( နိုမူယာ )

Wednesday, July 23, 2008

Windows Password ကို Hack ကြမယ် ... ။


မပြဘူးဆိုရင်ရအောင်ကြည့်မယ် ။ ပိတ်ထားရင်ရအောင်ဖွင့်မယ် ။ အဲ့ဒါမျိုးဆိုရင် အရမ်းဝါသနာပါတယ် ။
ဝါသနာတူသူတွေ comment ရေးသွားနိုင်တယ် ။ ဒီထက် ပိုအဆင်ပြေတဲ့နည်းလမ်းတွေရှိရင် သိချင်သေးတယ်။
မျှဝေခဲ့အုံးပေါ့။

Friday, July 18, 2008

ရပ်တန့်ခဲ့သော ရင်ခုန်သံများ



စက်ရပ်နေတဲ့နာရီတလုံးကတော့
သူ့ဘ၀ကိုအတိတ်မှာကျောက်ချရလို့ကျေနပ်နေတယ်။
မှိန်ပျပျဓာတ်တိုင်တွေရဲ့အောက်မှာ
မျှော်လင့်ချက်တွေတထွေးကြီးနဲ့လူတယောက်ရှိတယ်။
သူကမနက်ဖြန်တွေကိုတွေးတောရင်း
အတိတ်ကအကြောင်းတွေကိုသတိရနေတယ်။
ညီမျှခြင်းတစ်ခုရဖို့အတွက်သူ့ဘ၀ထဲကိုအတ္တတွေပေါင်းထည့်လို့နေပြန်တယ်။
မသေချာမှု တွေထဲမှာသေချာမှုတခုကို တူးဆွလို့ ရှာဖွေရင်း သူကိုယ်တိုင်လည်း နစ်မြုပ်မှန်းမသိ နစ်မြုပ်လို့ ။
သူ့ရင်ခုန်သံတွေကတော့ သူပျော်ရွှင်ခဲ့ဖူးတဲ့ ဟိုတချိန်အတိတ်မှာ ရပ်တန့်လို့.......။

Thursday, July 10, 2008

ချစ်ပါ့

လက်ထပ်ပြီးကာစ ဇနီးမယားအသစ်ကလေးမှာ အိမ်ထောင်အထိန်းအသိမ်း ညံ့ဖျင်း၏။ အလုပ်လုပ်ရန် လည်းပျင်းရိသည်။ တစ်နေ့ ဧည့်ခန်းစားပွဲပေါ်တွင် ဖုန်မှုန့်များတတ်နေသည်ကို တွေ့ရသဖြင့် ယောက်ျား ဖြစ်သူက မိန်းမဖြစ်သူကိုလည်း အပြစ်မတင်ရက်၊ ကိုယ်တိုင်လုပ်ရန်လည်းအချိန်မရှိသဖြင့် “ကိုယ် မင်းကိုချစ်တယ်” ဟု ဖုန်မှုန့်များပေါ်တွင်လက်ညှိးဖြင့် စာရေးထားခဲ့လေသည်။

ညနေ အလုပ်မှပြန်လာသောအခါ ယောက်ျားဖြစ်သူက ဧည့်ခန်းစားပွဲကို လှမ်းကြည့်လိုက်ရာ မိန်းမဖြစ် သူရေးထားသော စာတစ်ကြောင်းကိုတွေ့ရလေသည်။ “ကျမလည်း မောင့်ကိုချစ်ပါတယ်” ဟူ၏။
အော်တယ်လဲ ချစ်တတ်တဲ့ မိန်းမ .. . မိန်းမ


( ဖတ်လိုက်ရတဲ့ ဟာသလေးတစ်ပုဒ်ကို တင်လိုက်တာ ။ သူငယ်ချင်းတို့လည်း ရီရအောင်လို့ ပေါ့။ )

Wednesday, July 9, 2008

ခုတော့လည်း ...


“ကိုယ်က မုဆိုးဖြစ်တဲ့အခါ....
ကိုယ်ဆင်ထားတဲ့ထောင်ချောက်ထဲ ၀င်လာတဲ
့သားကောင်ကိုကြည့်ပြီး ပီတိဖြစ်နေနိုင်သလို ... .. ။
ကိုယ်က သားကောင်အဖြစ်ရောက်ရတဲ့အခါမှာတော့
ဘ၀ရဲ့တစိတ်တပိုင်း ဒါမှမဟုတ် ရှင်သန်ခြင်းတစ်ခုတွက်
စတေးရတယ်ဆိုတာ .....”

ဒီစာသားလေးကို ဖတ်ပြီး ကျနော့်ဝါသနာက ဘာဖြစ်မလဲဆိုတာခန့်မှန်းကြည့်ပါလားဗျ ..။ သူငယ်ချင်းတော့ထင် မှာပဲနော် “ အင်း ဒီကောင့်ဝါသနာက တောလိုက်ထွက်တာလား” လို့ပေါ့။ ဟုတ်ဘူးနော် ...ထပ်ပြောမယ် အဖြူအမဲ အကွက်များပေါ်တွင် လဘ္ကက်ရည်ဖိုးရှာခြင်း အဲအဲ ယောင်လို့ အရုပ်တွေရွှေ့ကစားခြင်းပေါ့။ ဂလောက်ဆို သဘောပေါက်တယ်နော်။ ကျောင်းသားဘ၀တုန်းကတော့ ကျောင်းကျောင်းဆိုပြီး ကန်တင်းမှာတ နေကုန်ထိုင် စစ်တုရင်ကစားလို့ ပျော်စရာတော့အကောင်းသားဗျ ...။ အချိန်တန်တော့ suppli လေးဖြေ။ ဒီလိုနဲ့ ဘွဲတခုရ ...။ အော် ခုတော့လည်း လက်တွေ့ဘ၀မှာ အမောတကောနဲ့ စတေးကွက်တွေ ချချသုံးလို့ ... . ။

Monday, July 7, 2008

ကျား နဲ့ မ ဒဿန

ယောင်္ကျားများ ငြင်ခုံကြသောအချက်မှာ မိန်းမများသည် သိပ်ဝေးလွန်းလျှင် စိတ်မချရ ဟူသောအချက်ဖြစ်၍ မိန်းမ များငြင်းခုံနေကြသောအချက်မှာ ယောင်္ကျားများသည် နီးလွန်းလျှင် သိပ်စိတ်မချရဟူသောအချက် ပင်ဖြစ်သည် ဟူ၏။


Sunday, July 6, 2008

တပတ်ပြန်နာရီ ..

မနက်မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်တာနဲ့ သတိရခြင်းတွေကကျိန်းစပ်လို့ ။ မသိကျိုးကျွန်ပြုမှုထဲ သိမှုတခုကတော့ ကြမ်းပိုးကိုက်ရာမှာ သွေးစို့ နေတယ်။ ငါ့အတွက်တော့ ဒီလောကကြီးက လင်းနို့လို ဇောက်ထိုးနေ မှ တည့် မယ့်ဘ၀ ပေါ့။ ဗျာ .... ဟုတ်ကဲ့ ..... အင်း .... လို့ပြောနေပေမယ့် ဘယ်အရာမှကိုမကြောက်တဲ့ သူပုန်တစ်ယောက် ........။စာရိတ္တတွေကို ဖြန့်ခင်းထားလို့ ရောင်းချနေတာမဟုတ်ဘူး .. မှတ်ကျောက်တင်ချင်တယ်ဆိုရင်လာခဲ့။
( ပြဿဒါး ၊ ရက်ရာဇာမရွေးဘူး ) ...။ ဒါပေမယ့် ကံကောင်းမှုဆိုတာ ဘယ်လိုပုံစံရှိတဲ့ကောင်လဲလို့ လူတကာကိုလိုက်မေးရမယ့် အဖြစ်။ အညှီအစို့ ဆိုတာ ယင်ကောင်တစ်ကောင်အတွက် စည်းစိမ်တဲ့လား . .. ဒါဆို ယင်ကောင်ဖြစ်ဖို့ သတ္တိလိုလို့ လား ပြောတော့ ဘယ်အရာကိုမှမကြောက်တဲ့ သူပုန်ဆို...။ ဖြူကာပြာကာကျတဲ့ စဉ်းစားမှုတွေနဲ့ ......
မနက်မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်တော့လည်း သတိရခြင်းတွေကကျိန်းစပ်လို့ ။


Friday, July 4, 2008

နှုတ်ဆက်ချိန် ..


ခွဲခွာရတော့မယ် ဆိုတဲ့ အသိနဲ့ အတူ
မင်းလက်တွေကို တင်းတင်းဆုပ်ကိုင်မိတယ်။
မတားနိုင်ခဲ့ဘူးအချိန်တွေ ကမ်းပါးလိုပြိုကျမှုကနေ
ရင်ထဲ ခံစားချက်တွေက ၀ုန်းဆန်လို့
ဒီခံစားချက်တွေ ရေအလျင်နဲ့ မျောလိုက်ရမလား
အလွမ်းတွေ ပြာတောက်သွားအောင်စဉ်းစားခဲ့
နောက်ဆုံးတော့
တစ်နေ့မင်းဆီပြန်လာခဲ့မယ်ဆိုတဲ့ကတိတွေနဲ့ ..........။