Gallary

Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Wednesday, October 29, 2008

ဝါးမျိုခြင်း အမှတ်စဉ် ၁

အိပ်မက်က နိုးတိုင်း စဉ်းစာမိတာက ....
ဘ၀ဆိုတာကိုပေါ့ ။

ဒီလို ဘ၀တွေမှာ ဆာလောင်မှုတွေရှိတယ် ...
ဒီ ဆာလောင်မှုတွေနဲ့ အတူ
မနက်ဖြန်တွေ က မနက်ဖြန်တွေကို ၀ါးမျိုတယ်။

နောက်ပြီး ...
အတ္တတွေက အတ္တတွေကို....
မာနတွေက မာနတွေကို ....
ဘ၀တွေက ဘ၀တွေကို ....

နောက်တော့ ပြာလဲ့လဲ့ ကမ္ဘာကြီးကို ...

Friday, September 5, 2008

အိမ်အပြန်


အိမ်အပြန်ငှက်တို့ ရဲ့ ရာသီခွင်မှာ အလွမ်းတွေရှိတယ်။

ဒီအလွမ်းတွေ ရက်ရောလိုက်ပုံများ .......

ငါ့မှာတော့ တနင့်တပိုးအဖြစ်နဲ့

မိုင်တိုင်တွေကတော့ မင်းနဲ့ ဝေးခဲ့ ရပြီဆိုတဲ့အကြောင်း ...

တီးတိုးပြောလို့ ။

Sunday, August 10, 2008

ဥုံမခံ ဂါထာ

လေ အဝှေ့လောက် နဲ့တော့ ငါ့ သိက္ခာလွင့်ပါမသွားပါဘု ...။
ဒီတခါ သည်းခံလိုက်မယ်။
မပြောပလောက်ပါဘူး
ဆင်ကောင်ကို ခြင်ကောင် ၀ါးသလိုပ ...
အော့အန် ချင်စရာ ဒီမသာပုပ်ကတော့
ပြောလိုက်လျင် စွန့်ကြဲချင်စရာ မျက်နှာပေးရယ်နှင့်
နောက်ကွယ်မှာ အကြံဆိုးတွေပေါ့
နောင်တခါ လာမတုလေနှင့်
နင့်ဥာဏ်ဆိုတာဟာပ
နင့်အမေငါနဲ့ ရက
မွေးတဲ့သားအရွယ် ...။


( အားလုံး ကန်တော့ပါရဲ့ဗျာ မထိန်းနိုင်တော့ လို့ ဘလော့ဂ်ပေါ်အန်ချလိုက်တာ )

Friday, July 18, 2008

ရပ်တန့်ခဲ့သော ရင်ခုန်သံများ



စက်ရပ်နေတဲ့နာရီတလုံးကတော့
သူ့ဘ၀ကိုအတိတ်မှာကျောက်ချရလို့ကျေနပ်နေတယ်။
မှိန်ပျပျဓာတ်တိုင်တွေရဲ့အောက်မှာ
မျှော်လင့်ချက်တွေတထွေးကြီးနဲ့လူတယောက်ရှိတယ်။
သူကမနက်ဖြန်တွေကိုတွေးတောရင်း
အတိတ်ကအကြောင်းတွေကိုသတိရနေတယ်။
ညီမျှခြင်းတစ်ခုရဖို့အတွက်သူ့ဘ၀ထဲကိုအတ္တတွေပေါင်းထည့်လို့နေပြန်တယ်။
မသေချာမှု တွေထဲမှာသေချာမှုတခုကို တူးဆွလို့ ရှာဖွေရင်း သူကိုယ်တိုင်လည်း နစ်မြုပ်မှန်းမသိ နစ်မြုပ်လို့ ။
သူ့ရင်ခုန်သံတွေကတော့ သူပျော်ရွှင်ခဲ့ဖူးတဲ့ ဟိုတချိန်အတိတ်မှာ ရပ်တန့်လို့.......။

Friday, July 4, 2008

နှုတ်ဆက်ချိန် ..


ခွဲခွာရတော့မယ် ဆိုတဲ့ အသိနဲ့ အတူ
မင်းလက်တွေကို တင်းတင်းဆုပ်ကိုင်မိတယ်။
မတားနိုင်ခဲ့ဘူးအချိန်တွေ ကမ်းပါးလိုပြိုကျမှုကနေ
ရင်ထဲ ခံစားချက်တွေက ၀ုန်းဆန်လို့
ဒီခံစားချက်တွေ ရေအလျင်နဲ့ မျောလိုက်ရမလား
အလွမ်းတွေ ပြာတောက်သွားအောင်စဉ်းစားခဲ့
နောက်ဆုံးတော့
တစ်နေ့မင်းဆီပြန်လာခဲ့မယ်ဆိုတဲ့ကတိတွေနဲ့ ..........။

Thursday, June 26, 2008

ကြာသာပတေးနေ့ည


အလွမ်းရနံ့တွေသင်းတဲ့ညက
သတိရခြင်းတွေနဲ့ အိပ်မက်တွေတည်ဆောက်
ပင့်သက်ရှိုက်သံတွေလည်း ခဏခဏလွှတ်ကျလို့
ငါ့ညကို အမှောင်ထုထဲ ဆွဲချထားတယ် ....
ဝေဒနာ တခုက တဘ၀စာ အသက်ရှုခွင့်မပေးဘူး
ဒီညကိုကျော်ဖြတ်ဖို့ ရင်ဘတ်က နိမ့်လိုက်မြင့်လိုက်နဲ့
မနက်ဖြန် သူနဲ့တွေ့ဖို့ ချိန်းထားတယ်.
ရောက်မလာနိုင်ခဲ့ရင်လည်း
ကဗျာတစ်ပုဒ်နဲ့ အတူ
ဘယ်ဘက်ရင်အုံမှာ အလံဖြူတစ်ခုစိုက်ထားခဲ့မယ် ။





Wednesday, June 25, 2008

ဆားပါသော စကားလုံးများ ...



ရည်ရွယ်ချက်ရှိရှိနဲ့
စုပြုံလို့ကျလာတယ်
အားးး
ဘာတွေလဲကောက်ကြည့်လိုက်တော့
စကားလုံးတွေ
တချို့က ကြမ်းရှရှ
တချို့က ချော်တော်တော်
တချို့က ......
......................
အဲ့ဒီအရာတွေနဲ့တော့
ဒီကမောင်
အယားမပြေဘူး
ဒါပေမယ့်
ပြည်ပန်းညိုလည်း
မချိုတော့ဘူး ...။


စိတ်အချဉ်ပေါက်သောနေ့တနေ့

Sunday, June 22, 2008

အဖေ

ကျနော် 4 နှစ်သားတုန်းက ... ငါ့ဖေဖေကြီးဘာမဆိုလုပ်တတ်တယ်။

ကျနော် 5 နှစ်သားတုန်းက ... ငါ့ဖေဖေကြီး မသိတာဘာမှမရှိဘူး။

ကျနော် 6 နှစ်သားတုန်းက ... ငါ့ဖေဖေကြီးက မင်းအဖေထက်တော်တယ်ကွ။

ကျနော် 8 နှစ်သားတုန်းက ... တို့အဖေက အကုန်လုံးတော့အတိအကျ မသိဘူး။

ကျနော် 10 နှစ်သားတုန်းက ... အဖေတို့ ငယ်ငယ်တုန်းကနဲ့ ခုနဲ့ ခြားစီပဲ။

ကျနော် 12 နှစ်သားတုန်းက ... အင်းအဲ့ဒါတော့ အဖေလည်းဘယ်သိပါ့မလဲ။

သူက အသက်ကြီးပြီဆိုတော့ ကလေးတုန်းကအကြောင်းတွေမမှတ်မိဘူးလေ။

ကျနော် 14 နှစ်သားတုန်းက ... အဖေတော့ထည့်ပြောမနေနဲ့ သူကရှေးရိုးသမားကြီးလေ။

ကျနော့်အသက် 21 နှစ်မှာ ...အဘိုးကြီးပါလား ... ထားပါတော့အောက်နေပြီလုံးဝအောက်နေပြီ။

ကျနော့် အသက် 25 နှစ်မှာ ... အဖေလည်းနဲနဲပါးပါးတော့သိတယ်လေ ၊ လူကြီးပဲဟာ။

ကျနော့် အသက် 30 ကျတော့ .. အဖေ့ကိုနည်းနည်းပါးပါး မေးမြန်းကြည့်ရင်ကောင်းမယ်။
 ဘာပဲပြောပြော အတွေ့ အကြုံအများကြီးရှိတယ် ။

ကျနော့်အသက် 35 နှစ်မှာ ... အဖေနဲ့တိုင်ပင်ပြီးမှပဲဒီကိစ္စအတွက် ငါတစ်ခုခုလုပ်နိုင်မယ်။

ကျနော့်အသက် 40 နှစ်မှာ ... အဖေသာဆိုရင် ဒီကိစ္စဘယ်လိုဖြေရှင်းမလဲမသိဘူး ၊
အဖေက အတွေ့အကြုံစုံတယ် ၊ အမြော်အမြင်လည်းရှိတယ်။

ကျနော့်အသက် 50 လည်းရောက်ရော ... ဒီကိစ္စခုနေသာ အဖေနဲ့တိုင်ပင်ခွင့်ရမယ်ဆိုရင်
ဘယ်လောက်ပေးရပေးရ ငါပေးပါတယ်၊ အဖေ့အရည်အချင်းတွေသူရှိတုန်းကကောင်းကောင်းသတိမထား မိတာသိပ်နှမြောစရာကောင်းတယ်၊ တကယ်ဆိုငါ့အဖေဆီက အများကြီးရလောက်ဖို့ကောင်းတယ်။



( ဒီကဗျာလေးကိုကြိုက်တယ် ...... ၊ အဖေ့ကို သတိရတယ် . .သတိရတယ် ... သတိရတယ် ... သတိရတယ် ...

သတိရတယ် .. သတိရတယ် ............... .. .....။ )

အဆုံးသတ်ခဲ့ရသော ..

ငါ့ပခုံပေါ်မှာ လေးနေတယ် အဲ့ဒါ ..

တာဝန်တွေ

ငါ့ရင်ဘတ်မှာနာနေတယ် အဲ့ဒါ..

ဝေဒနာတွေ

ငါက

တဖက်တချက်ဆီကနေ

တာဝန်နဲ့

ဝေဒနာတွေရဲ့

ဆွဲဆန့်ခြင်းခံနေရတဲ့

သရေကြိုးတစ်ချောင်းပေါ့

နောက်ဆုံးတော့လည်း ................. .

.............................................

................................

.........။

Saturday, June 7, 2008

လေပြေ


မျှော်လင့်ချက်တွေပြည့်နှက် နေတဲ့ဘ၀ခရီးမှာ

ရှင်သန်ခြင်းတွေ နပ်မှန်ဖို့

ဇောချွေးတွေ ငွေရည်ပျံနေတဲ့ ငါက

မင်းဆီက လေပြေ တချက်ကိုမျှော်လင့်နေလေရဲ့

ငါမျှော်လင့်တဲ့ ချစ်လေပြေ ...

တနေ့တော့ရောက်ပါစေ ။

Friday, May 30, 2008

အခွင့် ရှိရင်


အခွင့်ရှိရင်
အဆုံးမရှိ မြက်ခင်းပြင်ထဲ နှစ်ယောက်အတူလှဲ .....
ကြယ်တွေကို ရေတွက်ကြမယ် ။

မင်းလက်ကိုဆွဲ ထာဝစဉ်ပဲ ...
ဘ၀ရေစီးကြောင်းကို ဆန်တက်ကြမယ် ။

ရနံ့ကမွှေး နှင်းဆီနီလေး ....
မင်းပန်ဖို့အတွက် စိုက်ပျိုးချင်တယ် ။

မင်းရဲ့မျက်ရည် သောကဝေရင် .....
ပျော်စရာတွေဖန်တီး မင်းအနားပျော်တော်ဆက်လေးဖြစ်ချင်တယ် ။
အခွင့်ရှိမယ်ဆိုရင်ပေါ့ ။

မင်းကရော ...

အချစ်ရေ...
မင်းကို ရူပဗေဒသီအိုရီ တစ်ခုပြောပြမယ် ..


“ သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုရှိတယ်” တဲ့ ..
ဒါဆိုရင် ..
ငါလွမ်းတဲ့ မနက်တွေမှာ မင်းကဘယ်လိုလဲ ...
ငါလွမ်းတဲ့ ညတွေမှာ မင်းကဘယ်လိုလဲ ...
ငါလွမ်းတဲ့ အိပ်မက်တွေမှာ မင်းကဘယ်လိုလဲ ...

ငါအမြဲဆုတောင်းနေတယ် “ဒီ သီအိုရီလေး ငါနဲ့ မင်းပေါ်မှာ ထာဝရ တည်တံ့ပါစေ” လို့ပေါ့ .... ..

မင်းမရှိတော့

ငှက်ဆိုးတစ်ကောင်က ငါ့နာမည်ကိုအော်လို့ ..

နတ်ဆိုးတို့က ငါ့ဝိဥာဉ်ကိုနုတ်ယူမယ်ကြံ ...

မမှု့ တော့ပါဘူး ..

မင်းမရှိတဲ့ ငါ့ဘ၀က သေလူဖြစ်ပြီမို့ ..

ကျိန်စာတွေခါချပြီး နောက်ဘ၀ကူချင်ပြီ.....

Thursday, May 29, 2008

ဘဝ

ဘ ဘ

ည ည

က က ကိုစီး

မ မ

လှ လှ ဘ၀အရခိုမှီး

FEC မျှော် သက်ကြီးပူဇော်သတဲ့

မသူတော်ဇာတ်ဝင်ခန်း

လွမ်းရခက်ကြီး ။



( ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ ကဗျာလေး ပြန်တွေးပြီးသဘောကျမိတယ် ..)