Gallary

Showing posts with label အတိုအထွာ. Show all posts
Showing posts with label အတိုအထွာ. Show all posts

Friday, April 16, 2010

မင်္ဂလာရှိသောနှစ်သစ် ?????????????

ကျနော့်ရဲ့ ချစ်လှစွာသော Blog လေးဆီကိုပြန်လာပါပြီ။ ဒီအတော အတွင်း လာခဲ့တဲ့သူတွေကို အားနာပါတယ်။
ဒီအပေါ်မှာ စာမရေးဖြစ်တာ အခုဆို တစ်နှစ်ကျော်ပါပြီ။ ဘော်ဒါတွေကို အရမ်းအားနာပါတယ် ။
ကျနော်ဘာလုပ်နေလဲဆိုရင် ပြီးခဲ့တဲ့တစ်နှစ်လုံး အလုပ်လုပ်နေပါတယ်။ အလုပ်ဆို အကုန်လုပ်နေပါတယ်။
ကွန်ပျူတာသုံးဖြစ်ပေမယ့် အင်တာနက်ကို မသုံးသလောက်ဖြစ်သွားပါတယ်။ အဲ့ဒီအထဲကမှ ဘလော့ဂ်ရေးဖို့ ဆိုတာက ပိုဆိုးပါသေးတယ်။
စာတွေဆက်ရေးချင်ပါတယ်။ ရေးနိုင်အောင်ကြိုးစားသွားမှာပါ။ ဒီ Blogspot ကြီးလည်း တစ်ချိန်ချိန်မှာ Open Open ဖြစ်လာဖို့ကို မျှော်လင့်ပါတယ်။
ဆုလည်းတောင်းပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော် တခြားဟာတွေလည်း မသုံးတတ်ပါဘူး ။ Domain လည်းမ၀ယ်နိုင်သေးပါဘူး။ :(
ခုတော့ ကွန်နက်ရှင်လေး ကောင်းတုန်း သူငယ်ချင်းဟောင်းများကို Hello လို့နှုတ်ဆက်ရင် ။ သူငယ်ချင်းအသစ်များကိုလည်း မဂ်လာပါ ကျနော့် အိမ်လေးကို
လာလည်ပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ.....။

အားလုံးပဲ နှစ်သစ်သင်္ကြန်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပြည့်ပြည့် .... အဲ ဗုံးပေါက်လို့ဆိုပဲ သွားတော့မယ် . . လစ်ပြီ။

Thursday, October 23, 2008

နာဂစ်မြို့တော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု

ပြီးခဲ့တဲ့ 17 ရက်နေ့က ရန်ကုန်ကိုပြန်ရောက်လာတယ်။ ဘယ်အရာရာကိုပဲကြည့်ကြည့် အားလုံးကို ကိုယ်နဲ့တစိမ်းတ ရံ ဆန်နေတယ်။ ဒါဟာ နာဂစ်ကြောင့်လား ဒါမှမဟုတ် လူတွေရဲ့ ပြောင်းလဲတတ်တဲ့ စိတ်တွေကြောင့်လား ဆိုတာ ကျနော်မတွေးတတ်ပါဘူး။ ပြောင်းလဲမှုဆိုတဲ့ နေရာမှာ ကောင်းသောပြောင်းလဲမှုတွေရှိသလို မကောင်းတဲ့ပြောင်းလဲ မှုတွေလည်း ရှိစမြဲပါ။ ကျနော်တို့တိုင်းပြည်ပေါ် ကျရောက်ခဲ့တဲ့ နာဂစ်မုန်တိုင်းဟာ ကောင်းသောပြောင်းလဲမှုတွေကို ယူဆောင်လာသူလို့ တွေးမယ်ဆိုရင် အဲ့ဒီလူဟာ ကောင်းမြင်သမား ( သို့မဟုတ် ) ဒီမုန်တိုင်းကြောင့် အကျိုးအမြတ် ဖြစ်ထွန်းလာသူပဲဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တစ်ခုတော့ပြောချင်ပါတယ် ... နာဂစ်မုန်တိုင်း အတွက် ပြန်လည်ထူထောင်ရေးလုပ်တဲ့အခါမှာ .... ပြန်လည်ပြုပြင်တဲ့ အခါမှာ အချိန်တိုအတွင်းပြီးစီးဖို့ကို ပဲ အဓိက ဆောင် ရွက်မယ်ဆိုရင် ... စည်းစနစ်မကျမှုတွေ အခိုင်ခံမရှိမှုတွေဖြစ်လာနိုင်ပါတယ်။
ကျနော်လက်လှမ်းမှီသလောက်ပြောရမယ်ဆိုရင် ကျနော်တို့ အိမ်နားက ကျောင်းလေးက မုန်တိုင်းဒဏ်ကြောင့် ပြိုကျ ပျက်စီးသွားရပါတယ်။ အဲ့ဒီကျောင်းလေးက အရင်က အုတ်နဲ့ဆောက်ထားတဲ့ ကျောင်းလေးပါ ။ အခုလို ပြိုသွားတော့ ကြံခိုင်ရေး ကနေ တာဝန်ယူပြီးပြန်လည်တည်ဆောက်ပေးပါတယ်။ ဒါပေမယ့် အရင် အုတ်နံရံ ကာထားတဲ့နေရာမှာ ခုတော့ သူတို့က သံဇကာတွေနဲ့ ကာထားပါတယ်။ အားလုံးသိတဲ့ အတိုင်းပဲ ရန်ကုန်ဆိုတာ မိုးများတဲ့ ဒေသတစ်ခုပါ။ ကျောင်းသား ကျောင်းသူတွေ ခမျာ ဘယ်လောက် ဒုက္ခရောက်လဲ တွေးသာတွေးကြည့်ပါ။ မိုးရွာရင် လေက ပါ ပါ လာတယ် ဟော နေပူပြန်တော့လည်း နေက ထိုးပါသေးတယ်။
တကယ်ဆို မဖြစ်သင့်တာလေးတွေကိုပြောပြတာပါ။ ကျနော်ရှေ့ကပြောခဲ့ သလို ပြောင်းလဲတဲ့ နေရာမှာ ကောင်း သောပြောင်းလဲ မှုတွေဖြစ်ဖို့တော့ လိုပါတယ်။




ကောင်းမွန်သော ပြောင်းလဲ မှုတွေဖြစ်လာပါစေလို့ ဆန္ဒပြုရင်း ....

Saturday, October 11, 2008

ဗရုတ်သုတ်ခအကျဆုံးနေ့ လေးပေါ့

မ၀ါကတော့ ကံထူးရှင်ရွေးလိုက်တယ်တဲ့ဗျာ ... :Z ။ တက်ဂ် ထားတာကိုက ဗရုတ်သုတ်ခအကျဆုံးနေ့ လေးတဲ့ ...။ အဲ့ဒါနဲ့ ကိုယ့်ရဲ့ ဗရုတ်သုတ်ခအကျဆုံးနေ့ တွေကို ပြန်စဉ်းစားကြည့်တော့ လား လား တော်တော်များသား။ တစ်ခါတုန်းက ရန်ကုန်မြို့ထဲ ပိုက်ဆံ အိတ်ကျပျောက်လို့ ခြေတိုအောင်လမ်းလျှောက်ခဲ့ရတာက တစ်မျိုး ။ ချစ်ရတဲ့ကောင်မလေး အတွက် မွေးနေ့လက်ဆောင် အဖြစ် ငါးကန်ဝယ်ပေးတုန်းက ငါးကန် တွေ ငါးတွေ နဲ့ ဆိုင်ကယ်စီးသွားရတဲ့ နေ့က တဖုန် အစုံစုံပေါ့ဗျာ။
ဒါပေသိ အဲ့ဒါတွေထဲ က ဗရုတ်သုတ်ခအနိုင်ဆုံးနေ့လေး တစ်နေ့ကိုပြန်စဉ်းစားတော့ ဟိုးလွန်ခဲ့တဲ့ ၁၇ နှစ် လောက်တုန်းက ပိစိကွေး တုန်းက အဖြစ်လေးကို သွားမြင်ယောင်မိတယ်။ အဲ့ဒီအချိန်တုန်းက ကျနော်က ၅ နှစ် ၆ နှစ် သားလောက် အရွယ်ပေါ့။ မှတ်မှတ်ရရ အဲ့ဒီနေ့က ကျောင်းမသွားခင် ကျနော် အသုပ်စားတယ်၊ ဒိန်ချဉ်သောက်တယ်။ ဘာဖြစ်တယ်ဆိုတာ စဉ်းစားသာကြည့် ကြပေါ့ဗျာ။ ကျောင်းခန်းထဲလဲ ရောက်ရော ဆရာမစာသင်နေတုန်း အားပါး ဘာပြောကောင်းမလဲ ဗိုက်ကရစ်ပြီးနာတာ ပွင့်ပွင့်လင်း လင်းပြောရ ရင် အီးအီး ပါချင်တာပေါ့ဗျာ။ ကျနော်က ငယ်ငယ်တုန်းက လူကြောက်ရယ်ဗျ ။ ဒီလို အိမ်သာသွားချင်လို့ ခွင့်တိုင်ဖို့ နေနေသာသာ တနေသာကုန်သွားမယ် အတန်းထဲ စကားတလုံးမှပြောတာမဟုတ်ဘူး။ ငါ့ဘယ်လိုလုပ်ရမလဲ စဉ်းစား .. အင်း အောက်ထားအုံးမှ ဆိုပြီး အောက်တယ်ဗျ။ ခုပြန်တွေးရင် ရယ်ချင်တယ် ဟီးးး ဟီးးး ။ ကျလိုက်တဲ့ ချွေးတွေဆို ဘယ်ပြောကောင်း မလဲ ၊ လူကလည်း ငြိမ်ငြိမ်မထိုင်နိုင်နဲ့ မြင်ယောင်ကြည့်ကြဗျာ အောက်ပိုင်းတစ်ခုလုံး တွန့်လိန်နေတာ စပလိန်ကျလို့။ အချိန်ဆိုတာလဲ ကြာလိုက်တာဗျာ တစ်မိနစ်ဆို တစ်မိနစ် အရးကြီးတဲ့အချိန်ရောက်နေပြီကိုး။ သင်နေတဲ့စာထဲမှာ လဲ လုံးဝစိတ်မ၀င်စားနိုင်နဲ့ပေါ့။ နောက်ဆုံးတော့ ဘေးနားက သူငယ်ချင်းရဲ့ လက်ကို ကိုင်ပြီးပြောလိုက်တယ်။ အဲ့ဒီ စကားလုံးကိုတော့ ခုထိမှတ်မိနေသေး တယ် .. “ဟေ့ကောင် ငါတော့သွားကုန်ပြီ ” စဉ်းစားသာကြည့်ကြပေါ့ အရပ်ကတို့ ရေ။ အဲ့ဒီနောက်မှာတော့ တခန်းလုံးပွက်လောရိုက်လို့ လက်ကဟိုဟာကိုင်ရမလို ဒီဟာပဲပိတ်ရတော့မလိုနဲ့ လွယ်အိတ်ထဲ က စာအုပ်တွေ ကထွက်ကျလိုကျ ..။ ဗရုတ်သုတ်ခများ နိုင်လိုက်သည်ဖြစ်ခြင်း ...။ နောက်တော့ ဆရာမ က အိမ်လိုက်ပို့လိုက်ရ တယ်။ ရှက်လိုက်တာများဗျာ အဲ့ဒီအချိန်တုန်းက များ ဆယ်ဘီးကားတစ်စီး ရှေ့ဖြတ်သွားရင် ခေါင်းနဲ့ သာဝင်ပြီး ဂျမ်းတုံး ခုလိုက်ချင်တယ်။ တကယ်တော့ ဘာမဟုတ်တဲ့ ကြောက်စိတ်ရယ်ကြောင့်ပေါ့ ။ ဒီနောက်မှာ တော့ မကောင်းတဲ့ ကြောက်စိတ်တွေကို ဖယ်ရှာရင် ... ဆရာမတွေ ချစ်တဲ့ လူပျော် လူတော်လေး ကျနော်ဖြစ်လာရ တာပဲခင်ဗျ...။ ခုတော့လည်းကြာခဲ့ပြီလေ ရှက်ရှက်နဲ့ ကိုယ့်ရဲ့ ဗရုတ်သုတ်ခ နိုင်တဲ့နေ့လေး တစ်နေ့ကို ဘလောဂ် ထဲ ထည့်ရေးလိုက်ပါတယ်ဗျာ... .. .။

Tuesday, October 7, 2008

Blog မရေးဖြစ်ရခြင်း အကြောင်း

စာမရေးဖြစ်တာလဲ တော်ကိုကြာပြီဗျာ .... ။ ကိုယ့် ဘလောဂ်ကိုယ်ကြည့်ရတာလည်း တော်လေး ကိုခြောက်ကပ် ကပ် နိုင်နေတယ် ။ အဲ့ဒါနဲ့ စာလေး တစ်ပုဒ်လောက်တော့ ရေးမယ်ဟေ့ဆိုပြီး ကွန်ပျူတာလေးရှေ့ထိုင် ပြီး ဘာရေး မယ်ဆိုတာစဉ်းစားနေတုန်း ။ ဖလပ် တီတီတီ !!!!!!!!! အဲ့ဒါဘာဖြစ်တုန်း စဉ်းစားကြည့်ပေါ့ဗျာ။ ကိုရွှေမီး ကပျက် သွားလို့ UPS မြည်တဲ့ အသံပေါ့ဗျာ ။ စိတ်ထဲညစ်ညစ်ရှိတာ နဲ့ ဆိုင်ရာပိုင်ရာ အားလုံး စိတ်ရှိလက်ရှိအော်ဆဲ လူလဲ တော်တော်လေးမောသွားတယ်။ အဲ့ဒါနဲ့ ပြီးတော့ ငယ်ငယ်တုန်းက အကြောင်းလေး ကိုလည်းသတိရမိတယ်။ ရုပ်သံက လာတဲ့ဇာတ်လမ်းတွဲတွေ လာခါစတုံးက တီဗွီက ကြည့်နေတုန်း မီးကပျက် ၊ မီးကပျက်နေတုန်းဆို တီဗွီကကြည့်ချင်၊ အဲ့ဒီတုန်းကတော့ စဉ်းစားမိပါတယ် နောင်လာမယ့် 9 နှစ် 10 နှစ်လောက်ဆို ဒီလို ဒုက္ခတွေ မရှိတော့ ဘူးလို့ ပေါ့။ ခုတော့ လည်း အရင်တုန်းက လိုပါပဲ ကိုရွှေမီးလေးက ပျက်လို့ကောင်းဆဲပါပဲ။ အဲ့တုန်းက တွေနေရတဲ့ စာတန်းများ“ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် ကြီးဆီသို့ ” ကိုလည်း ခုတိုင်လည်း တွေ့ နေ ရဆဲပါပဲ။ နောက်ထပ်စာတန်းအသစ်တွေလဲ ထပ်တွေနေရပါပဲ ဥပမာတစ်ခုလောက်တော့ပြောလိုက်အုံးမယ် ဘာတဲ့ " Access has been denied " အဟတ် အဟတ် .... ။ အော်ဒီလိုပုံ နဲ့ မိုးကြီးချုပ်ရင်တော့ ............................................ ? ဘာဖြစ်မယ်ထင်သလဲ

“ မီးပျက်တော့မှာဗျို့ ဘန်းကျော်ပြီးတော့ ပို့စ်လေးတစ်ခု မြန်မြန်တင်ထားမှ ”

Saturday, August 16, 2008

အနုပညာပြောင်းလဲဖြစ်ပေါ်မှု အဆင့်သုံးဆင့်


လူ့ယဉ်ကျေးမှုဖြစ်ပေါ်တိုးတက်ရေးအစဉ်မှာအပြောင်းအလဲများကြုံရတတ်ပါသည်။အချို့ဆရာများကလည်းအကွေ့အလှည့်ဟုသုံးနှုန်းတတ်ကြပါသည်။အပြောင်းအလဲအကွေ့အလှည့်တိုင်းမှာအဆင့်သုံးဆင့်ရှိသည်ဟုကျနော်မှတ်သားဖူးပါသည်။ထိုအကြောင်းကိုကျနော်တင်ပြပါမည်။ သဘောတူမတူမှာစာဖတ်သူ၏ အလိုအတိုင်းသာ ဖြစ်ပါသည်။
ကျနော်ကတော့ထိုအဆိုကိုသဘောတူပါသည်။အထူးသဖြင့်အနုပညာမှာဤတိုင်းပင်ဖြစ်ပျက်ပြောင်းလဲတိုးတက်သည်ဟု ကျနော် ယုံကြည်စွဲမှတ်ပါသည်။

အဆင့်သုံးဆင့်

ခေတ်အဆက်ဆက်ကနှစ်ရှည်လများလူသားတို့ဖန်တီးပြုစုတည်ဆောက်ခဲ့ကြသောယဉ်ကျေးမှုအနုပညာအရပ်ရပ်သည် ကြီးမားပြင်းထန်အရေးပါသောအပြောင်းအလဲအကွေ့အလှည့်တစ်ခုခုကိုကြုံတိုင်း ဆင့်သုံးဆင့် ကို ဖြတ်သန်းပြောင်းလဲ တိုးတက်သွားတတ်ပါသည်။ ထိုအဆင့်သုံးဆင့်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ ပိုင်းစ စိတ်မြွှာ ပြိုကွဲခြင်း ( FRAGMENTATION AND DISINTEGRATION )

၂။ ပြန်လည်စုစည်းတည်ဆောက်ခြင်း ( RE-STRUCTURING )

၃။ အသစ်ဖန်တီးဖော်ထုတ်ခြင်း ( SUPERINTEGRATION )




၁။ ပိုင်းစစိတ်မြွှာပြိုကွဲခြင်း


အနုပညာရပ်အသီးသီးမှာ အတွေးအခေါ်များ၊ အယူအဆ သီဝရီများ၊ တန်ဖိုးသတ်မှတ်ချက်များ၊ နှုန်းစံများ၊ အခြင်းအရာလက္ခဏာများ ရှိပါသည်။ ယင်းတို့ကို ခေတ်အဆက်ဆက် နှစ်ရှည်လများ လူသားတို့က ပြုစုတည်ဆောက်ခဲ့ပါသည်။ ထိုအခြင်းအရာ လက္ခဏာရပ်များ အပိုင်းပိုင်း အစစ စိတ်မြွှာကွဲကျေ၍သွားခြင်း (၀ါ) ခွဲချေဖြိုဖျက်ပစ်လိုက်ခြင်းသည် ပထမအဆင့်ဖြစ်ပါသည်။ ဤအဆင့်သည် အရှုပ်ထွေးဆုံး၊ အဆူညံဆုံးအဆင့် ဖြစ်ပါသည်။
ဤအဆင့်ကို အပေါ်ယံရှပ်၍ကြည့်ပါက ပုန်စားပုန်ကန်မှု REBELLION တစ်ခုဟု အမှတ်မှားတတ်ကြပါ သည်။ စည်းပျက်ကမ်းပျက် ကလေကချေ အလေနတော သရုပ်ပျက် BOHEMIAN လက္ခဏာများဟုလည်း အမှတ်မှားတတ်ကြပါသည်။ အနုပညာရှင်လူကြီးတွေပြောသမျှ လူငယ်တွေကလက်မခံ။ လူကြီးတွေ၏ စံ က လူငယ်တွေနှင်မကိုက်။ အလွန်ရှုပ်ထွေးဆူညံ၍ အရောရောအနှောနှောဖြစ်သောကာလဟု ပြောရပါမည်။
အစဉ်အမြဲ အသစ်တို့ကိုရှေးရှုသော မည်သည့်အခါမှ ရှိပြီးသားနှင့် မကျေနပ်နိုင်သော အမြဲဖန်တီး၍ နေတတ်သော အနုပညာ ( ၀ါ ) အနုပညာသမားတို့၏ သဘာဝကိုမြင်အောင်မကြည့်။ ထို အသိမဆိုက်သူ အဖို့ ဤသို့သော ပထမအဆင့်ကို လက်ခံနိုင်မည်မဟုတ်ပါ။ ဤအဆင့်သည် ထိတ်လန့်တုန်လှုပ်ဖွယ်ရာမဟုတ်။ မလွဲမသွေ ကြုံတွေ့ ရမည်ဖြစ်သော သမိုင်းအမှန်တရားတစ်ခုအဖြစ် ကျနော်ယုံကြည်စွာတင်ပြခဲ့ပါသည်။



၂။ ပြန်လည်စုစည်းတည်ဆောက်ခြင်း

တစ်ပိုင်းတစ်စစီ အစိပ်စိပ်အမြွှာမြွှာ ပြိုကွဲပျက်စီးသွားသော အတွေးအခေါ်များ၊ အယူအဆသီဝရီများ၊ တန်ဖိုးသတ်မှတ်ချက်များ၊ နှုန်းစံများကို ပြန်လည်စုစည်းတည်ဆောက်သော အဆင့်သည် ဒုတိယအဆင့်ဖြစ်ပါ သည်။ ဤကာလသည် အလွန်အမင်း ရှုပ်ထွေးဆူညံခြင်းမရှိတော့ပါ။ တစ်နည်းမှာ အနုပညာ အသိမဆိုက်သများ ၏ ဆူပူကန့်ကွက်သံ တိတ်သွားပါသည်။
လုံ့လ၀ီရိယကြီးသူများ၊ စိတ်ရင်းစေတနာမှန်သူများ၊ အနုပညာစိတ်ရှိသူများ အားထုတ်ကြိုးပမ်းသောကာလ ဖြစ်ပါသည်။ သတိပြုစေလိုသည်မှာပြန်လည်စုစည်း တည်ဆောက်ခြင်းသည် အပိုင်းအစ အကျိုးအပျက်အပဲ့အရွဲ့ များကို ဟိုတစ်စသည်တစ်စ ဆက်စပ်ယူခြင်းမဟုတ်ပါ။ ကိုယ့်အနုပညာနယ်ထဲက အခြင်းအရာများကိုပင် ပြန်လည်စုစည်းတည်ဆောက်ရမည်ကို ဆိုလိုပါသည်။ ကာရန်စနစ် ပြောင်းချင်ပြောင်းမည်။ ကာရန် လုံးဝမဲ့ချင်မဲ့ မည်။ သို့သော် ဘာသာစကားထဲက ပြန်လည်စုစည်း ရှာဖွေဖော်ထုတ်လိုက်သော “ အသစ်များ” ဖြစ်ပေါ်ရေးကို ရှေ့ရှုဦးတည်ရမည်ဟု ဆိုလိုပါသည်။


၃။ အသစ်ဖန်တီးဖော်ထုတ်ခြင်း

ဤအဆင့်သည် အသစ်များ ထွန်းကားအခြေကျရသော အဆင့်ဖြစ်ပါသည်။ ဒုတိယအဆင့်မှာ လုံ့လ၀ီရိကြီးသော၊ စိတ်ရင်းစေတနမှန်သော အနုပညာသမားများကြိုးစား စုစည်းခဲ့ကြသည်။ အခြင်းအရာ လက္ခဏာရပ်များသည် အနုပညာပစ္စည်းအသစ်အဖြစ် ဖြစ်ပေါ်တိုးတက် ပြီးစီးသွားပြီဟု ဆိုရပါမည်။ အဆင့်သုံးဆင့်ကို ကျနော်မှတ်သား ဖူးသော သီဝရီတရပ်မှယူ၍ တင်ပြလိုက်ပါသည်။

မြန်မာနိုင်ငံ၏ အနုပညာအရပ်ရပ် ပြောင်းလဲဖြစ်ပေါ်မှု ( ၀ါ ) အကွေ့အလှည့်သည် မည်သည့်နေရာတွင် ရောက် နေသည်လဲ။ ရောက်နေပြီလား ... လိုသေးသည်လား ။ မည်သည့်ခြေအနေတွေဖန်တီးဖို့ လိုအပ်သလဲ ဟူသော မေးခွန်းများကို ကျနော်တို့ ဖြေဆိုကြဖို့ပဲဖြစ်ပါသည်။ နိဂုံးစကားအဖြစ် ကျန်ာအထက်တစ်နေရာမှာတင်ပြ ခဲ့သည့် အတိုင်း ဤအဆင့်သုံးဆင့် သီဝရီကို လက်ခံခြင်း၊ ငြင်းပယ်ခြင်းမှာ စာဖတ်သူများ အလိုအတိုင်းသာဖြစ်ပါလိမ့် မည်။ ကျနော်ကတော့ ဤအဆိုကို ယုံကြည်စွဲမှတ်ပါသည်။


မှတ်ချက် ( အနုပညာစံ ဆိုသည့်စာအုပ်ထဲမှ ကောက်နုတ်ဖော်ပြသည် ။)

Wednesday, July 9, 2008

ခုတော့လည်း ...


“ကိုယ်က မုဆိုးဖြစ်တဲ့အခါ....
ကိုယ်ဆင်ထားတဲ့ထောင်ချောက်ထဲ ၀င်လာတဲ
့သားကောင်ကိုကြည့်ပြီး ပီတိဖြစ်နေနိုင်သလို ... .. ။
ကိုယ်က သားကောင်အဖြစ်ရောက်ရတဲ့အခါမှာတော့
ဘ၀ရဲ့တစိတ်တပိုင်း ဒါမှမဟုတ် ရှင်သန်ခြင်းတစ်ခုတွက်
စတေးရတယ်ဆိုတာ .....”

ဒီစာသားလေးကို ဖတ်ပြီး ကျနော့်ဝါသနာက ဘာဖြစ်မလဲဆိုတာခန့်မှန်းကြည့်ပါလားဗျ ..။ သူငယ်ချင်းတော့ထင် မှာပဲနော် “ အင်း ဒီကောင့်ဝါသနာက တောလိုက်ထွက်တာလား” လို့ပေါ့။ ဟုတ်ဘူးနော် ...ထပ်ပြောမယ် အဖြူအမဲ အကွက်များပေါ်တွင် လဘ္ကက်ရည်ဖိုးရှာခြင်း အဲအဲ ယောင်လို့ အရုပ်တွေရွှေ့ကစားခြင်းပေါ့။ ဂလောက်ဆို သဘောပေါက်တယ်နော်။ ကျောင်းသားဘ၀တုန်းကတော့ ကျောင်းကျောင်းဆိုပြီး ကန်တင်းမှာတ နေကုန်ထိုင် စစ်တုရင်ကစားလို့ ပျော်စရာတော့အကောင်းသားဗျ ...။ အချိန်တန်တော့ suppli လေးဖြေ။ ဒီလိုနဲ့ ဘွဲတခုရ ...။ အော် ခုတော့လည်း လက်တွေ့ဘ၀မှာ အမောတကောနဲ့ စတေးကွက်တွေ ချချသုံးလို့ ... . ။

Sunday, July 6, 2008

တပတ်ပြန်နာရီ ..

မနက်မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်တာနဲ့ သတိရခြင်းတွေကကျိန်းစပ်လို့ ။ မသိကျိုးကျွန်ပြုမှုထဲ သိမှုတခုကတော့ ကြမ်းပိုးကိုက်ရာမှာ သွေးစို့ နေတယ်။ ငါ့အတွက်တော့ ဒီလောကကြီးက လင်းနို့လို ဇောက်ထိုးနေ မှ တည့် မယ့်ဘ၀ ပေါ့။ ဗျာ .... ဟုတ်ကဲ့ ..... အင်း .... လို့ပြောနေပေမယ့် ဘယ်အရာမှကိုမကြောက်တဲ့ သူပုန်တစ်ယောက် ........။စာရိတ္တတွေကို ဖြန့်ခင်းထားလို့ ရောင်းချနေတာမဟုတ်ဘူး .. မှတ်ကျောက်တင်ချင်တယ်ဆိုရင်လာခဲ့။
( ပြဿဒါး ၊ ရက်ရာဇာမရွေးဘူး ) ...။ ဒါပေမယ့် ကံကောင်းမှုဆိုတာ ဘယ်လိုပုံစံရှိတဲ့ကောင်လဲလို့ လူတကာကိုလိုက်မေးရမယ့် အဖြစ်။ အညှီအစို့ ဆိုတာ ယင်ကောင်တစ်ကောင်အတွက် စည်းစိမ်တဲ့လား . .. ဒါဆို ယင်ကောင်ဖြစ်ဖို့ သတ္တိလိုလို့ လား ပြောတော့ ဘယ်အရာကိုမှမကြောက်တဲ့ သူပုန်ဆို...။ ဖြူကာပြာကာကျတဲ့ စဉ်းစားမှုတွေနဲ့ ......
မနက်မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်တော့လည်း သတိရခြင်းတွေကကျိန်းစပ်လို့ ။


Monday, June 30, 2008

ဘာကောင်လဲဟဲ့အဲ့ဒီကောင်

အဲ့ဒီကောင်ပေါ့ ကျနော်တို့ အသည်းအသန်လိုက်ရှာနေတာ ...။ ကျနော်တို့ အလိုရှိသလိုခင်ဗျားလဲ သူ့ကို အလိုရှိ တာပဲ။ တော်တော်များများ ကတော့ အဲ့ဒီကောင်ရှိမှ အဆင်ပြေတယ်။ ဒီကောင်ကြောင့်ပဲ တော်တော်များများ ပြဿနာတက်ကြတယ်ဗျ ...။ သူနဲ့ပေါင်းသင်းတတ်တဲ့သူများကတော့ အဆင်ပြေလိုက်လေခြင်း ... အေးးးး သူနဲ့ မ ပေါင်းတတ်လို့ကတော့ သူကမင်းနဲ့ ဝေးရာကိုပြေးလိမ့်မယ်ဟေ့ ....။ ဒါဆို ခင်ဗျားတို့ သိလောက်ရောပေါ့ ကျနော်က တော့သူ့ ကို ပိုက်ပိုက်လို့ ချစ်စနိုးခေါ်တယ် ( ထွက်ပြေးသွားမှာစိုးလို့ အချိုသတ်တာ) ။ အဲ့လိုဆို ပိုက်ပိုက် နဲ့စား ၊ ပိုက်ပိုက်နဲ့ သွား ၊ ပိုက်ပိုက်နဲ့နေပေါ့ .... ဒီလိုဆိုရင် ရော ခင်ဗျားစိတ်ချမ်းသာသွားမယ်လို့ ထင်လား မထင်နဲ့ ကိုယ့်လူရေ ...။
လောကမှာပိုက်ပိုက်ပေးလို့ မရနိုင်တာတွေရှိပါသေးတယ်တဲ့ဗျာ .. .အဲ့ဒါတွေကို သိလားဗျ
မသိသေးရင်ပြောပြမယ် အကိုတယောက်ကကျနော့်ကို mail နဲ့ ပို့ပေးထားတာလေးတွေ ဖတ်ကြည့်လိုက်နော် ။

WITH MONEY YOU CAN BUY A HOUSE, BUT NOT A HOME.

WITH MONEY YOU CAN BUY A CLOCK, BUT NOT TIME.


WITH MONEY YOU CAN BUY A BED, BUT NOT SLEEP.


WITH MONEY YOU CAN BUY A BOOK, BUT NOT KNOWLEDGE.


WITH MONEY YOU CAN SEE A DOCTOR, BUT NOT GOOD HEALTH.


WITH MONEY YOU CAN BUY A POSITION, BUT NOT RESPECT.


WITH MONEY YOU CAN BUY BLOOD, BUT NOT LIFE.


WITH MONEY YOU CAN BUY SEX, BUT NOT LOVE.


ကဲ အဲ့ဒါတွေပဲဗျ...
သူငယ်ချင်းတို့အားလုံးလည်း ပျော်ရွှင်မှုအစစ်အမှန်ကို ရှာဖွေတွေ့ရှိနိုင်ပါစေလို့ ဆန္ဒပြုရင်း .......။

ယုံပါတယ်ခင်ဗျ

တနေ့ ကျနော့်အသိ တစ်ယောက် ရေယုံပေါက်လို့ မန်းတတ်တဲ့ အဘိုးကြီးတစ်ယောက်ဆီသွားအပြ ကျနော်လည်း လိုက်သွားလိုက်တယ် .....။ ဟိုရောက်တော့ မန်းပေးမယ့်အဘိုးကြီးနဲ့တွေ့ ပါရော သူနဲ့ အတူ သူ့မိန်းမလို့ ထင်ရတဲ့ အဘွားကြီးတစ်ယောက်လည်း ရှိပါတယ်....။ ကျနော်တို့ကလည်း ရေယုံပေါက်လို့ လာပြတဲ့ အကြောင်းပြောလိုက် တယ်။ အဖွားက ကျနော်တို့ကို နေရာထိုင်ခင်းချ ပေးပြီးတော့  ....“ ဟုတ်တယ်လူလေးတို့ ရေ ရာသီဥတုကဖောက် ပြန်တော့ ကလေးရော လူကြီးရော ရေယုံတွေ ပေါက်ကျ တယ် ” လို့ပြောပါတယ် ။ အဲအဲ ကျနော်ပြောချင်တာက မန်းတဲ့ အကြောင်းကို ပေါ့ .. ပထမ ရေယုံပေါက်နေတဲ့ ကျနော့်အသိကို အ င်္ကျီ ကိုချွတ်ခိုင်းပြီး သူမန်းထားတဲ့ ရေခွက်ကိုင်လို့ မေးပါတယ် ...
အဖိုး .... “ ဒါရေဟုတ်တယ်ဆိုတာ ယုံလား ”
ကျနော့်အသိ ... “ ယုံပါတယ်ခင်ဗျ ”
အဖိုး .... “ ဒါရေဟုတ်တယ်ဆိုတာ ယုံလား ”
ကျနော့်အသိ ... “ ယုံပါတယ်ခင်ဗျ ”
အဖိုး .... “ ဒါရေဟုတ်တယ်ဆိုတာ ယုံလား ”
ကျနော့်အသိ ... “ ယုံပါတယ်ခင်ဗျ ” သုံးကြိမ် သုံးခါ အတိုင်အဖောက်ညီ ညီ ပြန်ဖြေရပါတယ်။
ပြီးတော့ ရေယုံပေါက်နေတဲ့ဘေးပတ်ပတ်လည်ကို ရေမန်းနဲ့ လိုက်ပက် ပါတယ် ...။
ကျနော်တို့လည်း အပြန်လမ်းမှာ ယုံပါတယ်ခင်ဗျ အော်လို့
ဘ၀မှာ ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ ယုံလိုက်ရ တာတွေလည်း မနည်းပါလားလို့ တွေးရင်း .....။

Friday, June 20, 2008

တပိုင်းတစ ဖြစ်ရသောအပိုင်းအစများ

်အပိုင်းအစများ (1)

ဘာလိုလိုနဲ့ ညနေခင်းတောင်အိပ်တန်းတတ်နေပြီ နော် .....
အရင်တုန်းကတော့ဒီလိုညနေခင်းတွေ ဟာ ရယ်သံတွေနဲ့ ခြံရံထားတဲ့ ငွေရောင်အနားသပ်တွေပေါ့ ...မှတ်မှတ်ရရ အဲ့ဒီနေ့က နေပူပြီး ပင်ပန်းမှုတွေ အငွေ့တလူလူ ထွက်နေတဲ့ အချိန်မှာ မင်းကို စတင်တွေရှိခဲ့တယ်။ပြီးတော့ သိပ်မ ဆန်းကြယ် တဲ့တွေဆုံမှုတွေ နဲ့အတူ ရင်းနှီးမှုတွေလည်း မွေးဖွားခဲ့တယ်နော် ..။နောက်တော့ မင်းကို အချိန်တိုင်း တွေ့ ချင်တယ်ဆိုတဲ့ လက္ခဏာပြမှုတွေနဲ့အတူရောဂါတွေ ကျွမ်းခဲ့တဲ့ကောင်ဟာငါဖြစ်ခဲ့တယ် လေ.. .။ တနေ့မင်းနဲ့ ဝေးရ မယ် ဆိုတဲ့ စိုးရိမ်စိတ်တွေက ဧရာဝတီမြစ်ရေတွေနဲ့ အတူအတက်အကျဖြစ်လို့ ...အိပ်စက်မှုတွေ ကို တိုက်စား ....။ မှတ်ထားးးးးးး ငါကမင်းနဲ့ နီးရဖို့အတွက်မင်းအသိုင်းအ ၀ိုင်း ရဲ့အလိုကျ ပျော်ဝင်ပြမယ့်ပုံဆောင်ခဲ တခုဆိုတာကိုပေါ့ ။


အပိုင်းအစများ(2)

အဲ့ဒီနေ့ညက အိပ်မက်တွေကိုသီကုံး လို့ ပျော်ရွှင်မှုတွေလည်း လေဆန် မှာမွှေးပျံ့ခဲ့တယ်လေ .... ။ မင်းနဲ့အတူတူ ခရီးထွက်ရမယ်ဆိုတော့....။ ခုတော့လဲ အိပ်မက်က လန့်နိုးတိုင်း စည်းချက်မမှန်တဲ့ နှလုံးသားတစ်စုံက အလွမ်းသင့် သံစဉ် တွေနဲ့ ရစ်သမ်ညှိလို့ ....။ ငါက မင်းအတွက်နဲ့ ဘယ်ပတ်ဝန်းကျင်ကိုမှ ဂရုမစိုက်ဘူး ..... သူငယ်ချင်းဆိုတာ တွေကလဲ မင်းနဲ့ ယှဉ်ရင် ဒုတိယနေရာမှာပေါ့ ...။ မင်းကတော့ မင်း ပတ်ဝန်းကျင် မင်းသူငယ် ချင်း တွေရဲ့ အနောက်မှာ ငါ့ကို မှုန်ဝါ၀ါ ရပ်တန့်စေလို့ .....။ ဘာလိုလိုနဲ့ ခုဆို သန်းခေါင်တွေတောင် ညဥ့်နက်နေပြီနော် ....................................... ... ..။


အပိုင်းအစများ ( 3 )

မင်းနဲ့အတူ နားလည်မှုတွေယူလို့ တယောက်နဲ့တယောက်ယုံကြည်မှုတွေ တည် ဆောက် ခဲ့ ညနေခင်းကို မမေ့ဘူး။ အချစ်ဆိုတာ တစ်ယောက်ကိုတစ်ယောက်နားလည်ခြင်းတဲ့ ..... အဲ့ဒီတော့ တစ်ယောက်ကို တစ်ယောက် နားလည်ခဲ့ကြတဲ့ ငါတို့ကြားမှာလည်း ??????????? ။ Question mask တွေနဲ့ မေးခွန်းများခဲ့တယ် နော် ...။ ချစ်တယ် ဆိုတာကို ဘာနဲ့မှ သက်သေပြစရာမလိုဘူးလို့ မင်းပြောခဲ့တယ် . ...အကယ်၍များတစ်နေ့ နေ့မှာလိုအပ်ခဲ့ ရင် ငါက မင်းအတွက်နဲ့ အမှန်တရားဘက်က မှားပြမယ့်သူ တစ်ယောက်ပေါ့။

ကျနော့်အတွက် အဲ့ဒီကြောင်းအရာတွေက ဘယ်တော့မှပြောင်းလဲမသွားပေမယ့် .... သူ့အိမ်မျက်နှာစာမှာတော့ မိုးမခပန်းတွေပွင့်လို့ ....... ....။