Gallary

Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Thursday, April 29, 2010

Driver Genius Professional 2009

Driver တွေကို Backup လုပ်ထားဖို့အတွက် တော့ အဆင်ပြေတဲ့ software တစ်ခုပါ။ Backup ရော Restore ပါရပါတယ်။ Service လုပ်နေတဲ့ လူတွေအတွက်တော့ အသုံးတဲ့ပါတယ်။


EA GAMES Multi Keygen

EA Game တော်တော်များများ အတွက် keygen တွေစုစည်းထားတဲ့ Key Generator ပါ။ အဆင်ပြေပါတယ်။ ဥပမာ ကျနော်တို့ ဆော့နေတဲ့ General က Network ချိတ်ပြီး ကစားရင် key တွေတိုက်နေတဲ့ အတွက် ချိတ်ဆော့ လို့မရပါဘူး။ အဲ့ဒါဆိုရင် ဒီ software လေး run ပြီး change key ကိုနှိပ်လိုက်ရုံနဲ့ အဆင်ပြေသွားပါပြီ။ အရင်တုန်းကတော့ General ကို install ပြန်လုပ်ပြီး key ပြောင်းနေရပါသေးတယ်။




Wednesday, April 28, 2010

ADSL (MPT) ကို ချိတ်ဆက်ရန်

MPT ADSL Connection ရဖို့ သူ့ရဲ့ site ကိုသွားပြီး username ၊ password နဲ့ login လုပ်ရပါတယ်။ အဲ့ဒီတော့ သူ့ website ကိုမဖွင့်ပဲ ဒီ software လေးနဲ့ login လုပ်ရင်လည်းအဆင်ပြေပါတယ်။အောက်မှာပေးထားတဲ့ link ကနေဒေါင်းလိုက်ပါ။


Tuesday, April 27, 2010

Windows XP install simulation

Windows xp ကို install စမ်းလုပ်ကြည့်ချင်သူများအတွက် simulation လေးတစ်ခုပါပဲ။ အသိတစ်ယောက်ဆီကရ ထားတာပါ။ အောက်မှာ download လုပ်လို့ရပါတယ်။ ရရင် Windows Xp Setup.exe ကို double click နှိပ်လိုက် ရုံနဲ့ စမ်းသပ်လို့ရပါပြီ။



Monday, April 26, 2010

DeepFreeze 6.61.20

နောက်ဆုံး version လို့ထင်ပါတယ်။ windows 7 နဲ့ အဆင်ပြေပါတယ်။ သူ့အရင် version တွေက windows 7 နဲ့ အဆင်မပြေပါဘူး။ အင်တာနက်ဆိုင် တွေ ဂိမ်းဆိုင်တွေအတွက်တော့ အသုံးတဲ့ မှာပါ။ သူ့ကို install လုပ်နေစဉ်မှာပဲ ဘယ် drive (hard disk) ကို freeze လုပ်မလဲလို့မေးပါတယ်။ ရွေးပေးလိုက်ရုံပါပဲ။ restart ဖြစ်သွားပြီးပြန်တက်လာရင် password ပေးထားလိုက်ရုံပါပဲ။ အောက်မှာပေးထားတဲ့ လင့်ကနေ ဒေါင်းလိုက်ရင်ရပါပြီ။


Tuesday, September 23, 2008

MYANMAR WINDOWS လားဗျာ ....

တစ်နေ့ကဖတ်လိုက်ရတယ် Recose Hacker ဆိုတဲ့ Software အကြောင်းလေးပေါ့။ အဲ့ဒီ Software လေးကို သုံးပြီး Windows မှာ ရှိတဲ့ Dialog box တွေကို မြန်မာလို လိုက်ပြောင်းကြည့်လို့ရတယ်ဆိုတာကိုပေါ့။ ကျနော်ပြောင်းထားတဲ့ box လေးတွေကို အောက်မှာပြထားပေးပါတယ်။


ပထမဆုံး Download ဆွဲလိုက်ပါ။ ပြီးရင် ResHacker.exe ကို D-Click နဲ့ဖွင့်လိုက်ပါ။
ပြီးရင်တော့ File --- Open ကနေပြီး ''C: \windows\system32'' ကိုရွေးလိုက်ပါ။
system32 ထဲကိုရောက်ရင် "shell32.dll" ဆိုတဲ့ဖိုင်ကိုရှာပြီး Open ကို နှိပ်၍ဖွင့်လိုက်ပါ။


နောက်ပြီး ဘယ်ဘက်မှာ ..... Dialog --- 1003 --- 1033 ကိုတစ်ဆင့်ချင်းရွေးလိုက်ပါ။
ကျနော်က မြန်မာ font ပြောင်းမှာဖြစ်သဖြင့် font နေရာတွင် "Wininnwa" font size နေရာတွင် 14 လို့ ပြောင်းလိုက်ပါ။
Dialog 1003 ထဲက OK ကို click နှိပ်လိုက်သောအခါ သက်ဆိုင်သော Program စာသားရှေ့တွင် အနီရောင် ကြယ်ပုံလေးပေါ်လာလိမ့်မည်။
အဲ့ဒီမှာ ကျနော်က လုပ်မယ်ဟေ့ လို့ရေးချင်လို့ "OK" နေရာတွင် "vkyfr,fa[h" ရေးလိုက်ပါတယ်။
ပြီးရင် Compile Script ကို နှိပ်ကြည့်ပါ။ အားလုံးပြောင်းပြီးရင် File --- Save ကို နှိပ်ပါ။ Restart ချလိုက်ရင် ပြောင်းထားတာတွေကိုတွေ့ရတော့မှာဖြစ်တယ်။




Sunday, September 7, 2008

အလိုအလျောက် Computer ဖွင့်ခြင်း

ခုရေးမယ် အကြောင်းအရာကို ဖတ်ပြီး ကလေး အထာလို့ တော့မထင်လိုက်ပါနဲ့ဗျာ နော် ။ ဘာရေးရမယ်ဆိုတာမ သိတော့လည်း သိတဲ့ အကြောင်းအရာလေး ပဲလေးလိုက်ရပါတယ်။
သင့်ရဲ့ computer ကို သတ်မှတ်ထားတဲ့ အချိန်မှာ အလိုအလျောက်ဖွင့်ချင်တယ်ဆိုရင်ပေါ့ဗျာ။ BIOS Setting ထဲဝင်ပြင်ရတယ်ဆိုတဲ့အကြောင်းလေးပေါ့။ ပြောရအုံးမယ် Award BIOS တော့ဖြစ်ရမယ်နော်။

အဆင့် 1
Computer အဖွင့်မှာ Delete key ကို နှိပ်ပြီး BIOS Setting ထဲဝင်ထားလိုက်ပေါ့။ BIOS ထဲရောက်ရင်တော့ arrow key ကိုသုံးပြီး Power Management setup ပေါ်သို့ရွှေ့ပြီး Enter နှိပ်ပါ။

အဆင့် 2

Resume by Alarm သို့သွားပြီး Enable ပြောင်းလိုက်ပါ။
ပြီးတော့ Date ( of month ) Alarm သို့ရွှေ့ပြီး Every day လို့ ပြောင်းလိုက်ပါ။
နောက် Time ( hh : mm : ss ) Alarm သို့ရွှေ့ပြီး 9 : 00 : 0 လို့ပြောင်းလိုက်ပါ။

ဒီလိုဆိုရင်တော့ မင်္ဂလာရှိသော နံနက်ခင်းမှာ သင့် Computer က သင်နဲ့ အတူ နိုးထလာပါလိမ့်မယ်ခင်ဗျာ။

Friday, August 15, 2008

Blood Windows Virus

ဟိုတစ်နေ့ က Internet Journal ထဲဖတ်လိုက်ရတယ် ဘာတဲ့ Blood Windows ဆိုလား။ သိပ်မကြာပါဘူး ကိုယ်တော်ချောက အကြောင်းမကြားဘာမကြားနဲ့ ကျနော့် ကွန်ပျူတာထဲကို ရောက်လာပါရောဗျို့ ။ ပထမတော့ မသိသေးဘူးဗျာ .. . Taskbar က ပေါ်လိုက်ပျောက် လိုက်နဲ့၊ မှိတ်တုတ် မှိတ်တုတ်လေးဖြစ်နေတာ ဟ ဘာဖြစ်တာလဲလို့ပေါ့။

ပထမ TaskManager ခေါ်ကြည့်တယ်မရ ..၊ Registry လာပါအုံးဟ .. .မရ၊ဟယ်လာလေရော့ system restore အဆင်မပြေ ၊ ဒုက္ခ ပဲ အဲ့ဒါမှ …….

နောက်တော့ ဖုန်းသံလေးဟော စပြီ အဲအဲ ကွန်ပျူတာ မျက်နှာပြင်တစ်ခုလုံး သွေးရောင်တွေ ငါ့နှယ် ကျောချမှ ဗိုင်းရပ်စ်မှန်းသိနေပြန်ပြီ ..။


Blood Windows ရဲ့လုပ်ဆောင်ချက်များ


  • Folder များကိုပွား၍ Speaker Icon များအဖြစ်ပြောင်းလဲတတ်သည်။
  • Windows တက်စတွင် One Miss Call ကိုရီးယားဇာတ်ကားထဲက ဖုန်းမြည်သံကိုကြားရသည်။
  • Screen တစ်ခုလုံးသွေးရောင်လွှမ်းသွားတတ်သည်။
  • Taskbar ပေါ်သို့ Mouse Pointer တင်လိုက်သည်နှင့် Taskbar မှိန်ကျသွားတတ်သည်။



ကဲအဲ့ဒါနဲ့ လက်သုံးတော် antivirus ထုတ်လို့ အမျိုးဖြုတ်ပစ်လိုက်တယ်။ အဲ့ဒီ antivirus လေးကတော့တကယ့်ကို မြန် ကောင်း သက်သာ ပဲ။ Virusမိတာမြန်တယ်၊ကောင်းကာင်းလဲသတ်နိုင်တယ်၊updateလုပ်ရတဲ့အချိန်လည်းတော်တော်သက်သာတယ်။ ချီးမွမ်းခန်းဖွင့်နေတာနဲ့နာမည်တောင် မပြောရသေးဘူး သူ့နာမည်က Twister လို့ခေါ်တယ်ဗျ။

သူငယ်ချင်းတို့လည်း စမ်းသုံးလို့ရအောင် အဖိုးအခမပါ ကြေငြာလိုက်ရပါတယ်ခင်ဗျာ။


ကဲသေစမ်းဟဲ့ ရပ်ကွက်လူကြီး အဲအဲ မှားလို့ Virus ။

Sunday, August 3, 2008

Windows xp ရဲ့ DNS Cachesize ကိုတိုးခြင်း

DNS Cache ဆိုတာ ကျနော်တို့ ခုကြည့်နေတဲ့ Website လိပ်စာတွေကိုသိမ်းဆည်း ထားတဲ့နေရာ လေးပေါ့။ သူ့အသုံးဝင်ပုံကတော့ ဒီလိုဗျ .. website ကြည့်တဲ့သူက webpage တစ်ခုရဲ့ Address ကိုဝင် လိုက်ရင် အဲ့ဒီ Address ကို Internet ကနေတဆင့်သွားမတောင်းမီ DNS Cache ထဲကိုဝင်ပြီး သိမ်း ဆည်းထားတဲ့ လိပ်စာများကိုကြည့်ပါတယ်။ အဲ့ ကိုယ်သွားချင်တဲ့ လိပ်စာက အဲ့ဒီထဲမှာရှိနေရင် ဆွဲယူအသုံးပြုလိုက်ပါတယ်ခင်ဗျ ။ ဒီတော့ အချိန်ကုန်သက်သာတာ ပေါ့ဗျာ။ ဆိုတော့ကာ DNS Cachesize ကို တိုးထာခြင်းဖြင့် Website တွေကြည့်တဲ့အခါ ပိုမြန်လာမှာပေါ့။
ကဲ DNS Cachesize ကိုတိုးကြည့်ကြရအောင်လား ....

1. regedit ကိုဖွင့်ပါ။

2.HKEY_LOCAL_MACHINE\System\CurrentControlSet\Services\Dnscache\Parameters ကိုသွားပါ။

3. CacheHashTableBucketSize = 1
CacheHashTableSize = 180
MaxcacheEntryTtlLimit = ff00
MaxSOACacheEntryTtlLimit = 12d အဲ့ဒီလို DWORD Value တွေကို သွားရေးပါ။

4. Restart လုပ်ပါ။








အားလုံးအမြန်ဆုံးနည်းနဲ့ ပကန် ( ပန်းကန် ) လုံးစီးနိုင်ကြပါစေဗျာ။

Saturday, July 26, 2008

Service များကိုရပ်တန့်ခြင်း

service ဆိုတာ application တစ်ခုရဲ့နောက်ကွယ်ကနေ run တဲ့စနစ်တွေပေါ့ ။ တခါတလေမှာ မလိုအပ်တဲ့ service တွေ run ထားရင် ကျနော်တို့ရဲ့ computer ဟာ အလုပ်ပိုလုပ်နေရတတ် ပါတယ်။ အဲ့ဒီတော့ မလိုအပ်တဲ့ service တွေကို ပိတ်ထားဖို့ လိုအပ်ပါတယ်။ ဥပမာ ဂိမ်းဆော့တဲ့ လူတစ်ယောက်က print ထုတ်ရာမှာ လုပ်ဆောင်ပေးတဲ့ print spooler service ကို သူ့စက်မှာ run ထားဖို့မလိုအပ်ဘူးပေါ့ ။ ဒီလိုမှမဟုတ်ရင် ဂိမ်းဆော့နေစဉ်အတွင်း စက်ရပ်သွားခြင်း၊ ထစ်သွားခြင်း တွေ ကြုံနိုင်တယ် ။
အဲ service တစ်ခုကိုပိတ်တော့မယ် ဆိုရင် Start ==> Run သွားပြီးဘောက်စ်ထဲမှာ services.msc လို့ရိုက်ထည့်လိုက်ပါ။ OK ပြီးရင် ပိတ်ချင် တဲ့ service ကို Double Click နှိပ်ပြီး stop ဆိုတာကိုရွေး ပေးရမယ်လေ။

ကျနော်ပြောချင်တာက အဲ့ဒီလို service တွေကိုတစ်ခုချင်း လိုက်ပိတ်စရာမလိုပဲ click နှစ်ချက် နှိပ် လိုက်တာနဲ့ ပိတ်ချင်တဲ့ service တွေအား လုံး stop ဖြစ်သွားအောင်လုပ်တာကိုပြောချင်တာပေါ့ ။ ပထမအဆင့်နေနဲ့ Desktop ပေါ်မှာ Text Fileတစ်ခုဖန်တီးပါ။ ၄င်း Text ဖိုင်အတွင်းတွင် အောက်ပါ အတိုင်းပိတ်ချင်သော service name များကို ရိုက်ထည့်လိုက်ပါ။
(မှတ်ချက် ။ ။ ပိတ်ချင်သော service များသည် အသုံးပြုမည့် application များအတွက် run နေသော service များမဖြစ်ရန်အလွန်အရေးကြီးပါသည်။ )

NET STOP "Print Spooler"
NET STOP "Error Reporting Service"
NET STOP "Help and Support"
NET STOP "Messenger"
NET STOP "System Restore Service"
NET STOP "Automatic Updates"
NET STOP "Kaspersky Anti-Virus 6.0"
NET STOP "Wireless Zero Configuration"
NET STOP "Security Center"
NET STOP "Remote Procedure Call (RPC)"
NET STOP "NetMeeting Remote Desktop Sharing"
NET STOP "Remote Registry"

အဲ့ဒီအတိုင်း တစ်ကြောင်းချင်းစီရိုက်ထည့်ပါ။
ထို့နောက် ၄င်း Text File ကို Net Stop.bat ဟု save လိုက်ပါ။ရရှိလားသော Net Stop.bat ဖိုင်လေးကို Double Click နှိပ်ခြင်းဖြင့် ပိတ်ထားချင်သော service များအားလုံးတပြိုင် နက် တည်း ရပ်တန့်သွားပါလိမ့်မည်။
၎င်း service များကို Start ပြန်လုပ်ချင်ပါက ရှေ့ကပုံစံအတိုင်း NET STOP နေရာတွင် NET START ဟုပြောင်းလဲပြီး ပြုလုပ်နိုင်ပါသည်။

(ကျနော်သိသလောက်အနည်းငယ်ကိုမျှဝေခြင်းဖြစ်ပါသည်။ အားနည်းချက်များ မပြည့်စုံမှုများရှိ ကောင်းရှိနိုင်ပါ သည်။ အမှားအယွင်းများပါခဲ့ ပါက ပြန်လည်ပြင်ဆင်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ )

Wednesday, July 23, 2008

Windows Password ကို Hack ကြမယ် ... ။


မပြဘူးဆိုရင်ရအောင်ကြည့်မယ် ။ ပိတ်ထားရင်ရအောင်ဖွင့်မယ် ။ အဲ့ဒါမျိုးဆိုရင် အရမ်းဝါသနာပါတယ် ။
ဝါသနာတူသူတွေ comment ရေးသွားနိုင်တယ် ။ ဒီထက် ပိုအဆင်ပြေတဲ့နည်းလမ်းတွေရှိရင် သိချင်သေးတယ်။
မျှဝေခဲ့အုံးပေါ့။