Gallary

Sunday, September 7, 2008

အလိုအလျောက် Computer ဖွင့်ခြင်း

ခုရေးမယ် အကြောင်းအရာကို ဖတ်ပြီး ကလေး အထာလို့ တော့မထင်လိုက်ပါနဲ့ဗျာ နော် ။ ဘာရေးရမယ်ဆိုတာမ သိတော့လည်း သိတဲ့ အကြောင်းအရာလေး ပဲလေးလိုက်ရပါတယ်။
သင့်ရဲ့ computer ကို သတ်မှတ်ထားတဲ့ အချိန်မှာ အလိုအလျောက်ဖွင့်ချင်တယ်ဆိုရင်ပေါ့ဗျာ။ BIOS Setting ထဲဝင်ပြင်ရတယ်ဆိုတဲ့အကြောင်းလေးပေါ့။ ပြောရအုံးမယ် Award BIOS တော့ဖြစ်ရမယ်နော်။

အဆင့် 1
Computer အဖွင့်မှာ Delete key ကို နှိပ်ပြီး BIOS Setting ထဲဝင်ထားလိုက်ပေါ့။ BIOS ထဲရောက်ရင်တော့ arrow key ကိုသုံးပြီး Power Management setup ပေါ်သို့ရွှေ့ပြီး Enter နှိပ်ပါ။

အဆင့် 2

Resume by Alarm သို့သွားပြီး Enable ပြောင်းလိုက်ပါ။
ပြီးတော့ Date ( of month ) Alarm သို့ရွှေ့ပြီး Every day လို့ ပြောင်းလိုက်ပါ။
နောက် Time ( hh : mm : ss ) Alarm သို့ရွှေ့ပြီး 9 : 00 : 0 လို့ပြောင်းလိုက်ပါ။

ဒီလိုဆိုရင်တော့ မင်္ဂလာရှိသော နံနက်ခင်းမှာ သင့် Computer က သင်နဲ့ အတူ နိုးထလာပါလိမ့်မယ်ခင်ဗျာ။

3 comments:

ရွှေပြည်သူ (ShwePyiThu) said...

မောင်လေးကိုဖြိုးရေ... သူများတွေအတွက် မသိပေမယ့် အစ်မအတွက်တော့ ကလေးအထာ လုံးဝမဟုတ်တာ သေချာပါတယ်။ အစ်မကတော့ BIOS Setting ထဲဝင်ပြီး အဲဒီ Screen အပြာမြင်တာနဲ့ကို လန့်နေတတ်တာ။ အဲဒီအပိုင်းတွေ ဘာမှကို မသိလို့ပါး) စိတ်ဝင်စားစရာ ရှာရှာဖွေဖွေ မျှဝေပေးတာ ကျေးဇူးတင်ပါတယ် မောင်လေး...

WWKM said...

စိတ်ဝင်စားစရာမျှဝေပေးတာ ကျေးဇူးပါ မောင်လေးဖြိုး။

ဇင်ယော် said...

အဟား မိုက်တယ်ဗျို.။ အတော်ပဲ မနက်ဆို ကွန်ပြူတာကို ပြန်နှိုးခိုင်းရမယ်။ ဒန် တန် တန့် 