Gallary

Tuesday, October 7, 2008

Blog မရေးဖြစ်ရခြင်း အကြောင်း

စာမရေးဖြစ်တာလဲ တော်ကိုကြာပြီဗျာ .... ။ ကိုယ့် ဘလောဂ်ကိုယ်ကြည့်ရတာလည်း တော်လေး ကိုခြောက်ကပ် ကပ် နိုင်နေတယ် ။ အဲ့ဒါနဲ့ စာလေး တစ်ပုဒ်လောက်တော့ ရေးမယ်ဟေ့ဆိုပြီး ကွန်ပျူတာလေးရှေ့ထိုင် ပြီး ဘာရေး မယ်ဆိုတာစဉ်းစားနေတုန်း ။ ဖလပ် တီတီတီ !!!!!!!!! အဲ့ဒါဘာဖြစ်တုန်း စဉ်းစားကြည့်ပေါ့ဗျာ။ ကိုရွှေမီး ကပျက် သွားလို့ UPS မြည်တဲ့ အသံပေါ့ဗျာ ။ စိတ်ထဲညစ်ညစ်ရှိတာ နဲ့ ဆိုင်ရာပိုင်ရာ အားလုံး စိတ်ရှိလက်ရှိအော်ဆဲ လူလဲ တော်တော်လေးမောသွားတယ်။ အဲ့ဒါနဲ့ ပြီးတော့ ငယ်ငယ်တုန်းက အကြောင်းလေး ကိုလည်းသတိရမိတယ်။ ရုပ်သံက လာတဲ့ဇာတ်လမ်းတွဲတွေ လာခါစတုံးက တီဗွီက ကြည့်နေတုန်း မီးကပျက် ၊ မီးကပျက်နေတုန်းဆို တီဗွီကကြည့်ချင်၊ အဲ့ဒီတုန်းကတော့ စဉ်းစားမိပါတယ် နောင်လာမယ့် 9 နှစ် 10 နှစ်လောက်ဆို ဒီလို ဒုက္ခတွေ မရှိတော့ ဘူးလို့ ပေါ့။ ခုတော့ လည်း အရင်တုန်းက လိုပါပဲ ကိုရွှေမီးလေးက ပျက်လို့ကောင်းဆဲပါပဲ။ အဲ့တုန်းက တွေနေရတဲ့ စာတန်းများ“ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် ကြီးဆီသို့ ” ကိုလည်း ခုတိုင်လည်း တွေ့ နေ ရဆဲပါပဲ။ နောက်ထပ်စာတန်းအသစ်တွေလဲ ထပ်တွေနေရပါပဲ ဥပမာတစ်ခုလောက်တော့ပြောလိုက်အုံးမယ် ဘာတဲ့ " Access has been denied " အဟတ် အဟတ် .... ။ အော်ဒီလိုပုံ နဲ့ မိုးကြီးချုပ်ရင်တော့ ............................................ ? ဘာဖြစ်မယ်ထင်သလဲ

“ မီးပျက်တော့မှာဗျို့ ဘန်းကျော်ပြီးတော့ ပို့စ်လေးတစ်ခု မြန်မြန်တင်ထားမှ ”

6 comments:

ဇင်ယော် said...

ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ အဲဒီနေရာကို ဖယောင်းတိုင်လေးတွေထွန်းပြီး အတူတူ ချီတက်ရအောင်။ လိုက်မလား။ အမ် Access has been denied တဲ့။ ဘယ်လိုလုပ်ကြမလဲ။

puluque said...

နောက် ကိုးနှစ် ၁၀ နှစ်လောက်ဆို မီးမလာတဲ့ရက်လုံးဝ မရှိတော့ဘူး။ လာကို မလာတော့မှာ။ ဟီဟီး

Welcome said...

ဒုက္ခသံစဉ်တူတွေမို့ ကိုယ်ချင်းစာတယ်။

မောင်ဖားကြီး said...

ဟုတ်တယ်ဗျ ကိုဇင်ယော်ပြောသလိုပဲ ။ ချီတက်မလို့ သွားရင်းနဲ့ လမ်းမှာတွေ့တာက access has been denied တဲ့ ကဲအေးရော...

ပန်းခရေ said...

ဟဟဟ တော်လိုက်တဲ့ ငဖြိုးး အဆက်ဒီနိုင်းတဲ့ နောက်ဆို မီးမလာလို့ ကိုယ်ပိုင် မီးစက်လေးတွေနဲ့ ဖြစ်တော့မှာမို့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်လို့ပြောတာ ထင်တယ် ...:P

Anonymous said...

ဟားဟား အင်တာနက်ကြီးကြောင့် ဘလော့မရေးဖြစ်တာကိုးးးး ဟုတ်ပါ့ စိတ်ပျက်စရာကြီးနော့် လေ ကိုဖြိုးး