Gallary

Wednesday, October 29, 2008

ဝါးမျိုခြင်း အမှတ်စဉ် ၁

အိပ်မက်က နိုးတိုင်း စဉ်းစာမိတာက ....
ဘ၀ဆိုတာကိုပေါ့ ။

ဒီလို ဘ၀တွေမှာ ဆာလောင်မှုတွေရှိတယ် ...
ဒီ ဆာလောင်မှုတွေနဲ့ အတူ
မနက်ဖြန်တွေ က မနက်ဖြန်တွေကို ၀ါးမျိုတယ်။

နောက်ပြီး ...
အတ္တတွေက အတ္တတွေကို....
မာနတွေက မာနတွေကို ....
ဘ၀တွေက ဘ၀တွေကို ....

နောက်တော့ ပြာလဲ့လဲ့ ကမ္ဘာကြီးကို ...

Thursday, October 23, 2008

နာဂစ်မြို့တော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု

ပြီးခဲ့တဲ့ 17 ရက်နေ့က ရန်ကုန်ကိုပြန်ရောက်လာတယ်။ ဘယ်အရာရာကိုပဲကြည့်ကြည့် အားလုံးကို ကိုယ်နဲ့တစိမ်းတ ရံ ဆန်နေတယ်။ ဒါဟာ နာဂစ်ကြောင့်လား ဒါမှမဟုတ် လူတွေရဲ့ ပြောင်းလဲတတ်တဲ့ စိတ်တွေကြောင့်လား ဆိုတာ ကျနော်မတွေးတတ်ပါဘူး။ ပြောင်းလဲမှုဆိုတဲ့ နေရာမှာ ကောင်းသောပြောင်းလဲမှုတွေရှိသလို မကောင်းတဲ့ပြောင်းလဲ မှုတွေလည်း ရှိစမြဲပါ။ ကျနော်တို့တိုင်းပြည်ပေါ် ကျရောက်ခဲ့တဲ့ နာဂစ်မုန်တိုင်းဟာ ကောင်းသောပြောင်းလဲမှုတွေကို ယူဆောင်လာသူလို့ တွေးမယ်ဆိုရင် အဲ့ဒီလူဟာ ကောင်းမြင်သမား ( သို့မဟုတ် ) ဒီမုန်တိုင်းကြောင့် အကျိုးအမြတ် ဖြစ်ထွန်းလာသူပဲဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တစ်ခုတော့ပြောချင်ပါတယ် ... နာဂစ်မုန်တိုင်း အတွက် ပြန်လည်ထူထောင်ရေးလုပ်တဲ့အခါမှာ .... ပြန်လည်ပြုပြင်တဲ့ အခါမှာ အချိန်တိုအတွင်းပြီးစီးဖို့ကို ပဲ အဓိက ဆောင် ရွက်မယ်ဆိုရင် ... စည်းစနစ်မကျမှုတွေ အခိုင်ခံမရှိမှုတွေဖြစ်လာနိုင်ပါတယ်။
ကျနော်လက်လှမ်းမှီသလောက်ပြောရမယ်ဆိုရင် ကျနော်တို့ အိမ်နားက ကျောင်းလေးက မုန်တိုင်းဒဏ်ကြောင့် ပြိုကျ ပျက်စီးသွားရပါတယ်။ အဲ့ဒီကျောင်းလေးက အရင်က အုတ်နဲ့ဆောက်ထားတဲ့ ကျောင်းလေးပါ ။ အခုလို ပြိုသွားတော့ ကြံခိုင်ရေး ကနေ တာဝန်ယူပြီးပြန်လည်တည်ဆောက်ပေးပါတယ်။ ဒါပေမယ့် အရင် အုတ်နံရံ ကာထားတဲ့နေရာမှာ ခုတော့ သူတို့က သံဇကာတွေနဲ့ ကာထားပါတယ်။ အားလုံးသိတဲ့ အတိုင်းပဲ ရန်ကုန်ဆိုတာ မိုးများတဲ့ ဒေသတစ်ခုပါ။ ကျောင်းသား ကျောင်းသူတွေ ခမျာ ဘယ်လောက် ဒုက္ခရောက်လဲ တွေးသာတွေးကြည့်ပါ။ မိုးရွာရင် လေက ပါ ပါ လာတယ် ဟော နေပူပြန်တော့လည်း နေက ထိုးပါသေးတယ်။
တကယ်ဆို မဖြစ်သင့်တာလေးတွေကိုပြောပြတာပါ။ ကျနော်ရှေ့ကပြောခဲ့ သလို ပြောင်းလဲတဲ့ နေရာမှာ ကောင်း သောပြောင်းလဲ မှုတွေဖြစ်ဖို့တော့ လိုပါတယ်။




ကောင်းမွန်သော ပြောင်းလဲ မှုတွေဖြစ်လာပါစေလို့ ဆန္ဒပြုရင်း ....

Saturday, October 11, 2008

ဗရုတ်သုတ်ခအကျဆုံးနေ့ လေးပေါ့

မ၀ါကတော့ ကံထူးရှင်ရွေးလိုက်တယ်တဲ့ဗျာ ... :Z ။ တက်ဂ် ထားတာကိုက ဗရုတ်သုတ်ခအကျဆုံးနေ့ လေးတဲ့ ...။ အဲ့ဒါနဲ့ ကိုယ့်ရဲ့ ဗရုတ်သုတ်ခအကျဆုံးနေ့ တွေကို ပြန်စဉ်းစားကြည့်တော့ လား လား တော်တော်များသား။ တစ်ခါတုန်းက ရန်ကုန်မြို့ထဲ ပိုက်ဆံ အိတ်ကျပျောက်လို့ ခြေတိုအောင်လမ်းလျှောက်ခဲ့ရတာက တစ်မျိုး ။ ချစ်ရတဲ့ကောင်မလေး အတွက် မွေးနေ့လက်ဆောင် အဖြစ် ငါးကန်ဝယ်ပေးတုန်းက ငါးကန် တွေ ငါးတွေ နဲ့ ဆိုင်ကယ်စီးသွားရတဲ့ နေ့က တဖုန် အစုံစုံပေါ့ဗျာ။
ဒါပေသိ အဲ့ဒါတွေထဲ က ဗရုတ်သုတ်ခအနိုင်ဆုံးနေ့လေး တစ်နေ့ကိုပြန်စဉ်းစားတော့ ဟိုးလွန်ခဲ့တဲ့ ၁၇ နှစ် လောက်တုန်းက ပိစိကွေး တုန်းက အဖြစ်လေးကို သွားမြင်ယောင်မိတယ်။ အဲ့ဒီအချိန်တုန်းက ကျနော်က ၅ နှစ် ၆ နှစ် သားလောက် အရွယ်ပေါ့။ မှတ်မှတ်ရရ အဲ့ဒီနေ့က ကျောင်းမသွားခင် ကျနော် အသုပ်စားတယ်၊ ဒိန်ချဉ်သောက်တယ်။ ဘာဖြစ်တယ်ဆိုတာ စဉ်းစားသာကြည့် ကြပေါ့ဗျာ။ ကျောင်းခန်းထဲလဲ ရောက်ရော ဆရာမစာသင်နေတုန်း အားပါး ဘာပြောကောင်းမလဲ ဗိုက်ကရစ်ပြီးနာတာ ပွင့်ပွင့်လင်း လင်းပြောရ ရင် အီးအီး ပါချင်တာပေါ့ဗျာ။ ကျနော်က ငယ်ငယ်တုန်းက လူကြောက်ရယ်ဗျ ။ ဒီလို အိမ်သာသွားချင်လို့ ခွင့်တိုင်ဖို့ နေနေသာသာ တနေသာကုန်သွားမယ် အတန်းထဲ စကားတလုံးမှပြောတာမဟုတ်ဘူး။ ငါ့ဘယ်လိုလုပ်ရမလဲ စဉ်းစား .. အင်း အောက်ထားအုံးမှ ဆိုပြီး အောက်တယ်ဗျ။ ခုပြန်တွေးရင် ရယ်ချင်တယ် ဟီးးး ဟီးးး ။ ကျလိုက်တဲ့ ချွေးတွေဆို ဘယ်ပြောကောင်း မလဲ ၊ လူကလည်း ငြိမ်ငြိမ်မထိုင်နိုင်နဲ့ မြင်ယောင်ကြည့်ကြဗျာ အောက်ပိုင်းတစ်ခုလုံး တွန့်လိန်နေတာ စပလိန်ကျလို့။ အချိန်ဆိုတာလဲ ကြာလိုက်တာဗျာ တစ်မိနစ်ဆို တစ်မိနစ် အရးကြီးတဲ့အချိန်ရောက်နေပြီကိုး။ သင်နေတဲ့စာထဲမှာ လဲ လုံးဝစိတ်မ၀င်စားနိုင်နဲ့ပေါ့။ နောက်ဆုံးတော့ ဘေးနားက သူငယ်ချင်းရဲ့ လက်ကို ကိုင်ပြီးပြောလိုက်တယ်။ အဲ့ဒီ စကားလုံးကိုတော့ ခုထိမှတ်မိနေသေး တယ် .. “ဟေ့ကောင် ငါတော့သွားကုန်ပြီ ” စဉ်းစားသာကြည့်ကြပေါ့ အရပ်ကတို့ ရေ။ အဲ့ဒီနောက်မှာတော့ တခန်းလုံးပွက်လောရိုက်လို့ လက်ကဟိုဟာကိုင်ရမလို ဒီဟာပဲပိတ်ရတော့မလိုနဲ့ လွယ်အိတ်ထဲ က စာအုပ်တွေ ကထွက်ကျလိုကျ ..။ ဗရုတ်သုတ်ခများ နိုင်လိုက်သည်ဖြစ်ခြင်း ...။ နောက်တော့ ဆရာမ က အိမ်လိုက်ပို့လိုက်ရ တယ်။ ရှက်လိုက်တာများဗျာ အဲ့ဒီအချိန်တုန်းက များ ဆယ်ဘီးကားတစ်စီး ရှေ့ဖြတ်သွားရင် ခေါင်းနဲ့ သာဝင်ပြီး ဂျမ်းတုံး ခုလိုက်ချင်တယ်။ တကယ်တော့ ဘာမဟုတ်တဲ့ ကြောက်စိတ်ရယ်ကြောင့်ပေါ့ ။ ဒီနောက်မှာ တော့ မကောင်းတဲ့ ကြောက်စိတ်တွေကို ဖယ်ရှာရင် ... ဆရာမတွေ ချစ်တဲ့ လူပျော် လူတော်လေး ကျနော်ဖြစ်လာရ တာပဲခင်ဗျ...။ ခုတော့လည်းကြာခဲ့ပြီလေ ရှက်ရှက်နဲ့ ကိုယ့်ရဲ့ ဗရုတ်သုတ်ခ နိုင်တဲ့နေ့လေး တစ်နေ့ကို ဘလောဂ် ထဲ ထည့်ရေးလိုက်ပါတယ်ဗျာ... .. .။

Tuesday, October 7, 2008

Blog မရေးဖြစ်ရခြင်း အကြောင်း

စာမရေးဖြစ်တာလဲ တော်ကိုကြာပြီဗျာ .... ။ ကိုယ့် ဘလောဂ်ကိုယ်ကြည့်ရတာလည်း တော်လေး ကိုခြောက်ကပ် ကပ် နိုင်နေတယ် ။ အဲ့ဒါနဲ့ စာလေး တစ်ပုဒ်လောက်တော့ ရေးမယ်ဟေ့ဆိုပြီး ကွန်ပျူတာလေးရှေ့ထိုင် ပြီး ဘာရေး မယ်ဆိုတာစဉ်းစားနေတုန်း ။ ဖလပ် တီတီတီ !!!!!!!!! အဲ့ဒါဘာဖြစ်တုန်း စဉ်းစားကြည့်ပေါ့ဗျာ။ ကိုရွှေမီး ကပျက် သွားလို့ UPS မြည်တဲ့ အသံပေါ့ဗျာ ။ စိတ်ထဲညစ်ညစ်ရှိတာ နဲ့ ဆိုင်ရာပိုင်ရာ အားလုံး စိတ်ရှိလက်ရှိအော်ဆဲ လူလဲ တော်တော်လေးမောသွားတယ်။ အဲ့ဒါနဲ့ ပြီးတော့ ငယ်ငယ်တုန်းက အကြောင်းလေး ကိုလည်းသတိရမိတယ်။ ရုပ်သံက လာတဲ့ဇာတ်လမ်းတွဲတွေ လာခါစတုံးက တီဗွီက ကြည့်နေတုန်း မီးကပျက် ၊ မီးကပျက်နေတုန်းဆို တီဗွီကကြည့်ချင်၊ အဲ့ဒီတုန်းကတော့ စဉ်းစားမိပါတယ် နောင်လာမယ့် 9 နှစ် 10 နှစ်လောက်ဆို ဒီလို ဒုက္ခတွေ မရှိတော့ ဘူးလို့ ပေါ့။ ခုတော့ လည်း အရင်တုန်းက လိုပါပဲ ကိုရွှေမီးလေးက ပျက်လို့ကောင်းဆဲပါပဲ။ အဲ့တုန်းက တွေနေရတဲ့ စာတန်းများ“ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် ကြီးဆီသို့ ” ကိုလည်း ခုတိုင်လည်း တွေ့ နေ ရဆဲပါပဲ။ နောက်ထပ်စာတန်းအသစ်တွေလဲ ထပ်တွေနေရပါပဲ ဥပမာတစ်ခုလောက်တော့ပြောလိုက်အုံးမယ် ဘာတဲ့ " Access has been denied " အဟတ် အဟတ် .... ။ အော်ဒီလိုပုံ နဲ့ မိုးကြီးချုပ်ရင်တော့ ............................................ ? ဘာဖြစ်မယ်ထင်သလဲ

“ မီးပျက်တော့မှာဗျို့ ဘန်းကျော်ပြီးတော့ ပို့စ်လေးတစ်ခု မြန်မြန်တင်ထားမှ ”