Gallary

Thursday, July 10, 2008

ချစ်ပါ့

လက်ထပ်ပြီးကာစ ဇနီးမယားအသစ်ကလေးမှာ အိမ်ထောင်အထိန်းအသိမ်း ညံ့ဖျင်း၏။ အလုပ်လုပ်ရန် လည်းပျင်းရိသည်။ တစ်နေ့ ဧည့်ခန်းစားပွဲပေါ်တွင် ဖုန်မှုန့်များတတ်နေသည်ကို တွေ့ရသဖြင့် ယောက်ျား ဖြစ်သူက မိန်းမဖြစ်သူကိုလည်း အပြစ်မတင်ရက်၊ ကိုယ်တိုင်လုပ်ရန်လည်းအချိန်မရှိသဖြင့် “ကိုယ် မင်းကိုချစ်တယ်” ဟု ဖုန်မှုန့်များပေါ်တွင်လက်ညှိးဖြင့် စာရေးထားခဲ့လေသည်။

ညနေ အလုပ်မှပြန်လာသောအခါ ယောက်ျားဖြစ်သူက ဧည့်ခန်းစားပွဲကို လှမ်းကြည့်လိုက်ရာ မိန်းမဖြစ် သူရေးထားသော စာတစ်ကြောင်းကိုတွေ့ရလေသည်။ “ကျမလည်း မောင့်ကိုချစ်ပါတယ်” ဟူ၏။
အော်တယ်လဲ ချစ်တတ်တဲ့ မိန်းမ .. . မိန်းမ


( ဖတ်လိုက်ရတဲ့ ဟာသလေးတစ်ပုဒ်ကို တင်လိုက်တာ ။ သူငယ်ချင်းတို့လည်း ရီရအောင်လို့ ပေါ့။ )

1 comment:

ကိုရင်နော်ခင်လေးငယ် said...

“ဟွန်း.. ရှင်ဟာလေ တော်တော်နေနိုင်တဲ့သူ...
ဖုန်တွေတွေ့တာတောင် သုတ်မသွားဘူး” ဆိုပြီး...ကောင်းကောင်း“ရစ်” ပေးလိုက်မယ်..
ဟီးးးး