Friday, December 21, 2012
Tuesday, August 14, 2012
ခေါင်းဆောင်သာ ဖြစ်ပါစေ၊ အလုပ်ရှင်သူဋ္ဌေး မဖြစ်ပါစေနှင့်။
- အလုပ်ရှင်သူဋ္ဌေးဆိုတာက သူ့အလုပ်သမားတွေကို ဖိမောင်းတယ်။
- ခေါင်းဆောင်ဆိုတာက သူ့အဖွဲ့သားတွေကို လှုံ့ဆော်တယ်။
- အလုပ်ရှင်က လုပ်ပိုင်ခွင့်အာဏာကို အားကိုးတယ်။
- ခေါင်းဆောင်က စိတ်ကောင်း စေတနာကောင်းကို အားကိုးတယ်။
- အလုပ်ရှင်က အကြောက်တရားနှင့် ခြောက်ခိုင်းတယ်။
- ခေါင်းဆောင်က မေတ္တာတရားနှင့် ဦးဆောင်တယ်။
- အလုပ်ရှင်က `ငါ´လို့ ပြောတယ်။
- ခေါင်းဆောင်က ´တို့´လို့ သုံးတယ်။
- အလုပ်ရှင်က အလုပ်ပြီးသွားပုံကို ပြတယ်။
- ခေါင်းဆောင်က ဘယ်လိုလုပ်ရမယ်ဆိုတာကို သင်တယ်။
- အလုပ်ရှင်က ရိုသေလေးစားဖို့တောင်းဆိုတယ်။
- ခေါင်းဆောင်က ရိုသေလေးစားဖို့ အမိန့်ပေးတယ်။
ဒါကြောင့် အလုပ်ရှင်မဖြစ်ပါစေနှင့် ခေါင်းဆောင်သာဖြစ်ပါစေ။
ညီညီနိုင်
Saturday, April 21, 2012
ကျိုင်းတုံ ၊ တာချီလိတ် ၊ မယ်ဆိုင်
ဒီတခါ ခရီးထွက်တာ အလုပ်ကိစ္စနဲ့ဆိုတော့ ဘာမှထွေထွေထူးထူး မလုပ်ဖြစ်ဘူး။ တကယ်တော့ ကျိုင်းတုံသွား တာပါ။ အချိန်နည်းနည်းရတာနဲ့ တာချီလိတ် နဲ့ မယ်ဆိုင်ဘက်ကိုတော့ ရောက်ဖြစ်တယ်။ တစ်ညအိပ် ခရီးတိုလေးပါပဲ။ ထူးထူးခြားခြားပြောစရာရှိတာကတော့ တာချီလိတ် နဲ့ မယ်ဆိုင် ရဲ့ကွာခြားတဲ့ မြင်ကွင်း (တိုးတက်မှု) တွေပဲ။ မြန်မာဆိုတာ ရာဇ၀င်ထဲမှာကျန်ခဲ့ပြီလားလို့တောာင် တွေးမိတယ်။ :D
Friday, April 20, 2012
Thursday, April 29, 2010
Driver Genius Professional 2009
Driver တွေကို Backup လုပ်ထားဖို့အတွက် တော့ အဆင်ပြေတဲ့ software တစ်ခုပါ။ Backup ရော Restore ပါရပါတယ်။ Service လုပ်နေတဲ့ လူတွေအတွက်တော့ အသုံးတဲ့ပါတယ်။
EA GAMES Multi Keygen
EA Game တော်တော်များများ အတွက် keygen တွေစုစည်းထားတဲ့ Key Generator ပါ။ အဆင်ပြေပါတယ်။ ဥပမာ ကျနော်တို့ ဆော့နေတဲ့ General က Network ချိတ်ပြီး ကစားရင် key တွေတိုက်နေတဲ့ အတွက် ချိတ်ဆော့ လို့မရပါဘူး။ အဲ့ဒါဆိုရင် ဒီ software လေး run ပြီး change key ကိုနှိပ်လိုက်ရုံနဲ့ အဆင်ပြေသွားပါပြီ။ အရင်တုန်းကတော့ General ကို install ပြန်လုပ်ပြီး key ပြောင်းနေရပါသေးတယ်။

Wednesday, April 28, 2010
ADSL (MPT) ကို ချိတ်ဆက်ရန်
Tuesday, April 27, 2010
Beginner's Guide to Networking
ကျနော့်ရဲ့ blog လေးမှာ ebook တွေတင်ပေးဖို့စဉ်စားထားတာကြာပါပြီ။ အခုမှ စလုပ်ဖြစ်တာပါ။ သူများတွေ တင်ထားတာတော့ကြာပါပြီ။ တချို့စာအုပ်တွေဆိုတော်တော်ကောင်းပါတယ်။ ကိုယ့်မှာရှိတာလေးတွေလိုက်ရှာ လိုက်တော့ ပထမတွေ့လာတာက ဆရာမျိုးသူရရေးတဲ့ networking စာအုပ်ပါ။ ဘယ်ကနေဒေါင်းလာမှန်းတောင်မ မှတ်မိတော့ပါဘူး။ကောင်းပါတယ် ဖတ်လို့ကောင်းတယ် ...။

Windows XP install simulation
Windows xp ကို install စမ်းလုပ်ကြည့်ချင်သူများအတွက် simulation လေးတစ်ခုပါပဲ။ အသိတစ်ယောက်ဆီကရ ထားတာပါ။ အောက်မှာ download လုပ်လို့ရပါတယ်။ ရရင် Windows Xp Setup.exe ကို double click နှိပ်လိုက် ရုံနဲ့ စမ်းသပ်လို့ရပါပြီ။
Monday, April 26, 2010
DeepFreeze 6.61.20
နောက်ဆုံး version လို့ထင်ပါတယ်။ windows 7 နဲ့ အဆင်ပြေပါတယ်။ သူ့အရင် version တွေက windows 7 နဲ့ အဆင်မပြေပါဘူး။ အင်တာနက်ဆိုင် တွေ ဂိမ်းဆိုင်တွေအတွက်တော့ အသုံးတဲ့ မှာပါ။ သူ့ကို install လုပ်နေစဉ်မှာပဲ ဘယ် drive (hard disk) ကို freeze လုပ်မလဲလို့မေးပါတယ်။ ရွေးပေးလိုက်ရုံပါပဲ။ restart ဖြစ်သွားပြီးပြန်တက်လာရင် password ပေးထားလိုက်ရုံပါပဲ။ အောက်မှာပေးထားတဲ့ လင့်ကနေ ဒေါင်းလိုက်ရင်ရပါပြီ။
Friday, April 16, 2010
မင်္ဂလာရှိသောနှစ်သစ် ?????????????
ကျနော့်ရဲ့ ချစ်လှစွာသော Blog လေးဆီကိုပြန်လာပါပြီ။ ဒီအတော အတွင်း လာခဲ့တဲ့သူတွေကို အားနာပါတယ်။
ဒီအပေါ်မှာ စာမရေးဖြစ်တာ အခုဆို တစ်နှစ်ကျော်ပါပြီ။ ဘော်ဒါတွေကို အရမ်းအားနာပါတယ် ။
ကျနော်ဘာလုပ်နေလဲဆိုရင် ပြီးခဲ့တဲ့တစ်နှစ်လုံး အလုပ်လုပ်နေပါတယ်။ အလုပ်ဆို အကုန်လုပ်နေပါတယ်။
ကွန်ပျူတာသုံးဖြစ်ပေမယ့် အင်တာနက်ကို မသုံးသလောက်ဖြစ်သွားပါတယ်။ အဲ့ဒီအထဲကမှ ဘလော့ဂ်ရေးဖို့ ဆိုတာက ပိုဆိုးပါသေးတယ်။
စာတွေဆက်ရေးချင်ပါတယ်။ ရေးနိုင်အောင်ကြိုးစားသွားမှာပါ။ ဒီ Blogspot ကြီးလည်း တစ်ချိန်ချိန်မှာ Open Open ဖြစ်လာဖို့ကို မျှော်လင့်ပါတယ်။
ဆုလည်းတောင်းပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော် တခြားဟာတွေလည်း မသုံးတတ်ပါဘူး ။ Domain လည်းမ၀ယ်နိုင်သေးပါဘူး။ :(
ခုတော့ ကွန်နက်ရှင်လေး ကောင်းတုန်း သူငယ်ချင်းဟောင်းများကို Hello လို့နှုတ်ဆက်ရင် ။ သူငယ်ချင်းအသစ်များကိုလည်း မဂ်လာပါ ကျနော့် အိမ်လေးကို
လာလည်ပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ.....။
အားလုံးပဲ နှစ်သစ်သင်္ကြန်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပြည့်ပြည့် .... အဲ ဗုံးပေါက်လို့ဆိုပဲ သွားတော့မယ် . . လစ်ပြီ။

Saturday, November 8, 2008
မြင်းစီးကျောက်ရုပ်တို့ ၏ သင်္ကေတ
ကျနော်တို့ အားလုံး မြင်းစီးထားတဲ့ ကျောက်ရုပ်တွေကို တွေ့ ဖူးကြပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ ဆိုရင် ဗန္ဓုလ ကျောက်ရုပ်တို့ ဗိုလ်ချုပ်အောင်ဆန်း ကျောက်ရုပ်တို့ ကိုပေါ့။ အရင်တုန်းက တော့ မြင်းစီးကျောက်ရုပ်ဆို တာမြင်းစီးထားတဲ့ကျောက်ရုပ်တွေပဲပေါ့ ..... ။( ခုမှပဲရှင်းသွားတယ်လို့ မပြောနဲ့နော် ) ကျနော်ပြောချင်တာက အဲ့ဒီမြင်းရုပ်တွေမှာ သူတို့ အဓိပ္ပါယ်နဲ့သူတို့ ရှိကြတယ်ဆိုတာကိုပေါ့။ မြင်းရုပ်ပုံစံတွေကိုကြည့်ပြီး ဒီမြင်းရုပ်ပေါ်က ပုဂ္ဂိုလ်ဟာ ဘယ်လိုသေဆုံးသလဲ ဆိုတာကိုလေ။
အဲ့ဒီအဓိပ္ပါယ်တွေကိုလည်းပြောပြမလို့ ကျနော်ဖတ်ဖူးတာတော့ တော်တော်ကြာပြီဗျ ....။
၁။ မြင်းရဲ့ ရှေ့ ခြေတစ်ဖက်မြှောက်နေရင် --- လုပ်ကြံခံရတာ
၂။ မြင်းရဲ့ ရှေ့ ခြေ နှစ်ဖက်မြှောက်နေရင် --- တိုက်ပွဲမှာ ကျဆုံးတာ
၃။ မြင်းရဲ့ နောက်ခြေ နှစ်ဖက်မြှောက်နေရင် --- အစိမ်းသေ သေဆုံးတာ
၎။ မြင်းရဲ့ ခြေလေးဖက်စလုံး မြေပြင်နဲ့ ကပ်နေရင် --- မကျန်းမမာဖြစ်ပြီးသေဆုံးတာလို့ မှတ်သားဖူးပါခင်ဗျာ။
( ဒီအချက်တွေက ပုံမှန် အဓိပ္ပါယ်တွေဖြစ်ပေမယ့် တချို့ ကျောက်ရုပ်တွေ ၊ ပန်းပု ရုပ်တွေလည်း ဒီအချက်တွေ ကို လိုက်နာထားချင်းမရှိတာကို တခါတလေမှာ တွေရပါတယ်ခင်ဗျာ)

“ကဲ အားလုံး မင်္ဂလာပါနော် .. အခုရက်ပိုင်းက မအားလို့ စာတွေသိပ်မရေးနိုင်တာကိုခွင်လွှတ်ပေးပါဗျာ ”
Wednesday, October 29, 2008
ဝါးမျိုခြင်း အမှတ်စဉ် ၁
အိပ်မက်က နိုးတိုင်း စဉ်းစာမိတာက ....
ဘ၀ဆိုတာကိုပေါ့ ။
ဒီလို ဘ၀တွေမှာ ဆာလောင်မှုတွေရှိတယ် ...
ဒီ ဆာလောင်မှုတွေနဲ့ အတူ
မနက်ဖြန်တွေ က မနက်ဖြန်တွေကို ၀ါးမျိုတယ်။
နောက်ပြီး ...
အတ္တတွေက အတ္တတွေကို....
မာနတွေက မာနတွေကို ....
ဘ၀တွေက ဘ၀တွေကို ....
နောက်တော့ ပြာလဲ့လဲ့ ကမ္ဘာကြီးကို ...

Thursday, October 23, 2008
နာဂစ်မြို့တော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု
ပြီးခဲ့တဲ့ 17 ရက်နေ့က ရန်ကုန်ကိုပြန်ရောက်လာတယ်။ ဘယ်အရာရာကိုပဲကြည့်ကြည့် အားလုံးကို ကိုယ်နဲ့တစိမ်းတ ရံ ဆန်နေတယ်။ ဒါဟာ နာဂစ်ကြောင့်လား ဒါမှမဟုတ် လူတွေရဲ့ ပြောင်းလဲတတ်တဲ့ စိတ်တွေကြောင့်လား ဆိုတာ ကျနော်မတွေးတတ်ပါဘူး။ ပြောင်းလဲမှုဆိုတဲ့ နေရာမှာ ကောင်းသောပြောင်းလဲမှုတွေရှိသလို မကောင်းတဲ့ပြောင်းလဲ မှုတွေလည်း ရှိစမြဲပါ။ ကျနော်တို့တိုင်းပြည်ပေါ် ကျရောက်ခဲ့တဲ့ နာဂစ်မုန်တိုင်းဟာ ကောင်းသောပြောင်းလဲမှုတွေကို ယူဆောင်လာသူလို့ တွေးမယ်ဆိုရင် အဲ့ဒီလူဟာ ကောင်းမြင်သမား ( သို့မဟုတ် ) ဒီမုန်တိုင်းကြောင့် အကျိုးအမြတ် ဖြစ်ထွန်းလာသူပဲဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တစ်ခုတော့ပြောချင်ပါတယ် ... နာဂစ်မုန်တိုင်း အတွက် ပြန်လည်ထူထောင်ရေးလုပ်တဲ့အခါမှာ .... ပြန်လည်ပြုပြင်တဲ့ အခါမှာ အချိန်တိုအတွင်းပြီးစီးဖို့ကို ပဲ အဓိက ဆောင် ရွက်မယ်ဆိုရင် ... စည်းစနစ်မကျမှုတွေ အခိုင်ခံမရှိမှုတွေဖြစ်လာနိုင်ပါတယ်။
ကျနော်လက်လှမ်းမှီသလောက်ပြောရမယ်ဆိုရင် ကျနော်တို့ အိမ်နားက ကျောင်းလေးက မုန်တိုင်းဒဏ်ကြောင့် ပြိုကျ ပျက်စီးသွားရပါတယ်။ အဲ့ဒီကျောင်းလေးက အရင်က အုတ်နဲ့ဆောက်ထားတဲ့ ကျောင်းလေးပါ ။ အခုလို ပြိုသွားတော့ ကြံခိုင်ရေး ကနေ တာဝန်ယူပြီးပြန်လည်တည်ဆောက်ပေးပါတယ်။ ဒါပေမယ့် အရင် အုတ်နံရံ ကာထားတဲ့နေရာမှာ ခုတော့ သူတို့က သံဇကာတွေနဲ့ ကာထားပါတယ်။ အားလုံးသိတဲ့ အတိုင်းပဲ ရန်ကုန်ဆိုတာ မိုးများတဲ့ ဒေသတစ်ခုပါ။ ကျောင်းသား ကျောင်းသူတွေ ခမျာ ဘယ်လောက် ဒုက္ခရောက်လဲ တွေးသာတွေးကြည့်ပါ။ မိုးရွာရင် လေက ပါ ပါ လာတယ် ဟော နေပူပြန်တော့လည်း နေက ထိုးပါသေးတယ်။
တကယ်ဆို မဖြစ်သင့်တာလေးတွေကိုပြောပြတာပါ။ ကျနော်ရှေ့ကပြောခဲ့ သလို ပြောင်းလဲတဲ့ နေရာမှာ ကောင်း သောပြောင်းလဲ မှုတွေဖြစ်ဖို့တော့ လိုပါတယ်။

ကောင်းမွန်သော ပြောင်းလဲ မှုတွေဖြစ်လာပါစေလို့ ဆန္ဒပြုရင်း ....
Saturday, October 11, 2008
ဗရုတ်သုတ်ခအကျဆုံးနေ့ လေးပေါ့
မ၀ါကတော့ ကံထူးရှင်ရွေးလိုက်တယ်တဲ့ဗျာ ... :Z ။ တက်ဂ် ထားတာကိုက ဗရုတ်သုတ်ခအကျဆုံးနေ့ လေးတဲ့ ...။ အဲ့ဒါနဲ့ ကိုယ့်ရဲ့ ဗရုတ်သုတ်ခအကျဆုံးနေ့ တွေကို ပြန်စဉ်းစားကြည့်တော့ လား လား တော်တော်များသား။ တစ်ခါတုန်းက ရန်ကုန်မြို့ထဲ ပိုက်ဆံ အိတ်ကျပျောက်လို့ ခြေတိုအောင်လမ်းလျှောက်ခဲ့ရတာက တစ်မျိုး ။ ချစ်ရတဲ့ကောင်မလေး အတွက် မွေးနေ့လက်ဆောင် အဖြစ် ငါးကန်ဝယ်ပေးတုန်းက ငါးကန် တွေ ငါးတွေ နဲ့ ဆိုင်ကယ်စီးသွားရတဲ့ နေ့က တဖုန် အစုံစုံပေါ့ဗျာ။
ဒါပေသိ အဲ့ဒါတွေထဲ က ဗရုတ်သုတ်ခအနိုင်ဆုံးနေ့လေး တစ်နေ့ကိုပြန်စဉ်းစားတော့ ဟိုးလွန်ခဲ့တဲ့ ၁၇ နှစ် လောက်တုန်းက ပိစိကွေး တုန်းက အဖြစ်လေးကို သွားမြင်ယောင်မိတယ်။ အဲ့ဒီအချိန်တုန်းက ကျနော်က ၅ နှစ် ၆ နှစ် သားလောက် အရွယ်ပေါ့။ မှတ်မှတ်ရရ အဲ့ဒီနေ့က ကျောင်းမသွားခင် ကျနော် အသုပ်စားတယ်၊ ဒိန်ချဉ်သောက်တယ်။ ဘာဖြစ်တယ်ဆိုတာ စဉ်းစားသာကြည့် ကြပေါ့ဗျာ။ ကျောင်းခန်းထဲလဲ ရောက်ရော ဆရာမစာသင်နေတုန်း အားပါး ဘာပြောကောင်းမလဲ ဗိုက်ကရစ်ပြီးနာတာ ပွင့်ပွင့်လင်း လင်းပြောရ ရင် အီးအီး ပါချင်တာပေါ့ဗျာ။ ကျနော်က ငယ်ငယ်တုန်းက လူကြောက်ရယ်ဗျ ။ ဒီလို အိမ်သာသွားချင်လို့ ခွင့်တိုင်ဖို့ နေနေသာသာ တနေသာကုန်သွားမယ် အတန်းထဲ စကားတလုံးမှပြောတာမဟုတ်ဘူး။ ငါ့ဘယ်လိုလုပ်ရမလဲ စဉ်းစား .. အင်း အောက်ထားအုံးမှ ဆိုပြီး အောက်တယ်ဗျ။ ခုပြန်တွေးရင် ရယ်ချင်တယ် ဟီးးး ဟီးးး ။ ကျလိုက်တဲ့ ချွေးတွေဆို ဘယ်ပြောကောင်း မလဲ ၊ လူကလည်း ငြိမ်ငြိမ်မထိုင်နိုင်နဲ့ မြင်ယောင်ကြည့်ကြဗျာ အောက်ပိုင်းတစ်ခုလုံး တွန့်လိန်နေတာ စပလိန်ကျလို့။ အချိန်ဆိုတာလဲ ကြာလိုက်တာဗျာ တစ်မိနစ်ဆို တစ်မိနစ် အရးကြီးတဲ့အချိန်ရောက်နေပြီကိုး။ သင်နေတဲ့စာထဲမှာ လဲ လုံးဝစိတ်မ၀င်စားနိုင်နဲ့ပေါ့။ နောက်ဆုံးတော့ ဘေးနားက သူငယ်ချင်းရဲ့ လက်ကို ကိုင်ပြီးပြောလိုက်တယ်။ အဲ့ဒီ စကားလုံးကိုတော့ ခုထိမှတ်မိနေသေး တယ် .. “ဟေ့ကောင် ငါတော့သွားကုန်ပြီ ” စဉ်းစားသာကြည့်ကြပေါ့ အရပ်ကတို့ ရေ။ အဲ့ဒီနောက်မှာတော့ တခန်းလုံးပွက်လောရိုက်လို့ လက်ကဟိုဟာကိုင်ရမလို ဒီဟာပဲပိတ်ရတော့မလိုနဲ့ လွယ်အိတ်ထဲ က စာအုပ်တွေ ကထွက်ကျလိုကျ ..။ ဗရုတ်သုတ်ခများ နိုင်လိုက်သည်ဖြစ်ခြင်း ...။ နောက်တော့ ဆရာမ က အိမ်လိုက်ပို့လိုက်ရ တယ်။ ရှက်လိုက်တာများဗျာ အဲ့ဒီအချိန်တုန်းက များ ဆယ်ဘီးကားတစ်စီး ရှေ့ဖြတ်သွားရင် ခေါင်းနဲ့ သာဝင်ပြီး ဂျမ်းတုံး ခုလိုက်ချင်တယ်။ တကယ်တော့ ဘာမဟုတ်တဲ့ ကြောက်စိတ်ရယ်ကြောင့်ပေါ့ ။ ဒီနောက်မှာ တော့ မကောင်းတဲ့ ကြောက်စိတ်တွေကို ဖယ်ရှာရင် ... ဆရာမတွေ ချစ်တဲ့ လူပျော် လူတော်လေး ကျနော်ဖြစ်လာရ တာပဲခင်ဗျ...။ ခုတော့လည်းကြာခဲ့ပြီလေ ရှက်ရှက်နဲ့ ကိုယ့်ရဲ့ ဗရုတ်သုတ်ခ နိုင်တဲ့နေ့လေး တစ်နေ့ကို ဘလောဂ် ထဲ ထည့်ရေးလိုက်ပါတယ်ဗျာ... .. .။

Tuesday, October 7, 2008
Blog မရေးဖြစ်ရခြင်း အကြောင်း
စာမရေးဖြစ်တာလဲ တော်ကိုကြာပြီဗျာ .... ။ ကိုယ့် ဘလောဂ်ကိုယ်ကြည့်ရတာလည်း တော်လေး ကိုခြောက်ကပ် ကပ် နိုင်နေတယ် ။ အဲ့ဒါနဲ့ စာလေး တစ်ပုဒ်လောက်တော့ ရေးမယ်ဟေ့ဆိုပြီး ကွန်ပျူတာလေးရှေ့ထိုင် ပြီး ဘာရေး မယ်ဆိုတာစဉ်းစားနေတုန်း ။ ဖလပ် တီတီတီ !!!!!!!!! အဲ့ဒါဘာဖြစ်တုန်း စဉ်းစားကြည့်ပေါ့ဗျာ။ ကိုရွှေမီး ကပျက် သွားလို့ UPS မြည်တဲ့ အသံပေါ့ဗျာ ။ စိတ်ထဲညစ်ညစ်ရှိတာ နဲ့ ဆိုင်ရာပိုင်ရာ အားလုံး စိတ်ရှိလက်ရှိအော်ဆဲ လူလဲ တော်တော်လေးမောသွားတယ်။ အဲ့ဒါနဲ့ ပြီးတော့ ငယ်ငယ်တုန်းက အကြောင်းလေး ကိုလည်းသတိရမိတယ်။ ရုပ်သံက လာတဲ့ဇာတ်လမ်းတွဲတွေ လာခါစတုံးက တီဗွီက ကြည့်နေတုန်း မီးကပျက် ၊ မီးကပျက်နေတုန်းဆို တီဗွီကကြည့်ချင်၊ အဲ့ဒီတုန်းကတော့ စဉ်းစားမိပါတယ် နောင်လာမယ့် 9 နှစ် 10 နှစ်လောက်ဆို ဒီလို ဒုက္ခတွေ မရှိတော့ ဘူးလို့ ပေါ့။ ခုတော့ လည်း အရင်တုန်းက လိုပါပဲ ကိုရွှေမီးလေးက ပျက်လို့ကောင်းဆဲပါပဲ။ အဲ့တုန်းက တွေနေရတဲ့ စာတန်းများ“ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် ကြီးဆီသို့ ” ကိုလည်း ခုတိုင်လည်း တွေ့ နေ ရဆဲပါပဲ။ နောက်ထပ်စာတန်းအသစ်တွေလဲ ထပ်တွေနေရပါပဲ ဥပမာတစ်ခုလောက်တော့ပြောလိုက်အုံးမယ် ဘာတဲ့ " Access has been denied " အဟတ် အဟတ် .... ။ အော်ဒီလိုပုံ နဲ့ မိုးကြီးချုပ်ရင်တော့ ............................................ ? ဘာဖြစ်မယ်ထင်သလဲ
“ မီးပျက်တော့မှာဗျို့ ဘန်းကျော်ပြီးတော့ ပို့စ်လေးတစ်ခု မြန်မြန်တင်ထားမှ ”
Tuesday, September 23, 2008
MYANMAR WINDOWS လားဗျာ ....
တစ်နေ့ကဖတ်လိုက်ရတယ် Recose Hacker ဆိုတဲ့ Software အကြောင်းလေးပေါ့။ အဲ့ဒီ Software လေးကို သုံးပြီး Windows မှာ ရှိတဲ့ Dialog box တွေကို မြန်မာလို လိုက်ပြောင်းကြည့်လို့ရတယ်ဆိုတာကိုပေါ့။ ကျနော်ပြောင်းထားတဲ့ box လေးတွေကို အောက်မှာပြထားပေးပါတယ်။

ပထမဆုံး Download ဆွဲလိုက်ပါ။ ပြီးရင် ResHacker.exe ကို D-Click နဲ့ဖွင့်လိုက်ပါ။
ပြီးရင်တော့ File --- Open ကနေပြီး ''C: \windows\system32'' ကိုရွေးလိုက်ပါ။
system32 ထဲကိုရောက်ရင် "shell32.dll" ဆိုတဲ့ဖိုင်ကိုရှာပြီး Open ကို နှိပ်၍ဖွင့်လိုက်ပါ။

နောက်ပြီး ဘယ်ဘက်မှာ ..... Dialog --- 1003 --- 1033 ကိုတစ်ဆင့်ချင်းရွေးလိုက်ပါ။
ကျနော်က မြန်မာ font ပြောင်းမှာဖြစ်သဖြင့် font နေရာတွင် "Wininnwa" font size နေရာတွင် 14 လို့ ပြောင်းလိုက်ပါ။
Dialog 1003 ထဲက OK ကို click နှိပ်လိုက်သောအခါ သက်ဆိုင်သော Program စာသားရှေ့တွင် အနီရောင် ကြယ်ပုံလေးပေါ်လာလိမ့်မည်။
အဲ့ဒီမှာ ကျနော်က လုပ်မယ်ဟေ့ လို့ရေးချင်လို့ "OK" နေရာတွင် "vkyfr,fa[h" ရေးလိုက်ပါတယ်။
ပြီးရင် Compile Script ကို နှိပ်ကြည့်ပါ။ အားလုံးပြောင်းပြီးရင် File --- Save ကို နှိပ်ပါ။ Restart ချလိုက်ရင် ပြောင်းထားတာတွေကိုတွေ့ရတော့မှာဖြစ်တယ်။

ပြီးရင်တော့ File --- Open ကနေပြီး ''C: \windows\system32'' ကိုရွေးလိုက်ပါ။
system32 ထဲကိုရောက်ရင် "shell32.dll" ဆိုတဲ့ဖိုင်ကိုရှာပြီး Open ကို နှိပ်၍ဖွင့်လိုက်ပါ။
ကျနော်က မြန်မာ font ပြောင်းမှာဖြစ်သဖြင့် font နေရာတွင် "Wininnwa" font size နေရာတွင် 14 လို့ ပြောင်းလိုက်ပါ။
အဲ့ဒီမှာ ကျနော်က လုပ်မယ်ဟေ့ လို့ရေးချင်လို့ "OK" နေရာတွင် "vkyfr,fa[h" ရေးလိုက်ပါတယ်။
ပြီးရင် Compile Script ကို နှိပ်ကြည့်ပါ။ အားလုံးပြောင်းပြီးရင် File --- Save ကို နှိပ်ပါ။ Restart ချလိုက်ရင် ပြောင်းထားတာတွေကိုတွေ့ရတော့မှာဖြစ်တယ်။

Sunday, September 7, 2008
အလိုအလျောက် Computer ဖွင့်ခြင်း
ခုရေးမယ် အကြောင်းအရာကို ဖတ်ပြီး ကလေး အထာလို့ တော့မထင်လိုက်ပါနဲ့ဗျာ နော် ။ ဘာရေးရမယ်ဆိုတာမ သိတော့လည်း သိတဲ့ အကြောင်းအရာလေး ပဲလေးလိုက်ရပါတယ်။
သင့်ရဲ့ computer ကို သတ်မှတ်ထားတဲ့ အချိန်မှာ အလိုအလျောက်ဖွင့်ချင်တယ်ဆိုရင်ပေါ့ဗျာ။ BIOS Setting ထဲဝင်ပြင်ရတယ်ဆိုတဲ့အကြောင်းလေးပေါ့။ ပြောရအုံးမယ် Award BIOS တော့ဖြစ်ရမယ်နော်။
အဆင့် 1
Computer အဖွင့်မှာ Delete key ကို နှိပ်ပြီး BIOS Setting ထဲဝင်ထားလိုက်ပေါ့။ BIOS ထဲရောက်ရင်တော့ arrow key ကိုသုံးပြီး Power Management setup ပေါ်သို့ရွှေ့ပြီး Enter နှိပ်ပါ။

အဆင့် 2
Resume by Alarm သို့သွားပြီး Enable ပြောင်းလိုက်ပါ။
ပြီးတော့ Date ( of month ) Alarm သို့ရွှေ့ပြီး Every day လို့ ပြောင်းလိုက်ပါ။
နောက် Time ( hh : mm : ss ) Alarm သို့ရွှေ့ပြီး 9 : 00 : 0 လို့ပြောင်းလိုက်ပါ။

ဒီလိုဆိုရင်တော့ မင်္ဂလာရှိသော နံနက်ခင်းမှာ သင့် Computer က သင်နဲ့ အတူ နိုးထလာပါလိမ့်မယ်ခင်ဗျာ။

Subscribe to:
Posts (Atom)