Gallary

Thursday, June 26, 2008

ကြာသာပတေးနေ့ည


အလွမ်းရနံ့တွေသင်းတဲ့ညက
သတိရခြင်းတွေနဲ့ အိပ်မက်တွေတည်ဆောက်
ပင့်သက်ရှိုက်သံတွေလည်း ခဏခဏလွှတ်ကျလို့
ငါ့ညကို အမှောင်ထုထဲ ဆွဲချထားတယ် ....
ဝေဒနာ တခုက တဘ၀စာ အသက်ရှုခွင့်မပေးဘူး
ဒီညကိုကျော်ဖြတ်ဖို့ ရင်ဘတ်က နိမ့်လိုက်မြင့်လိုက်နဲ့
မနက်ဖြန် သူနဲ့တွေ့ဖို့ ချိန်းထားတယ်.
ရောက်မလာနိုင်ခဲ့ရင်လည်း
ကဗျာတစ်ပုဒ်နဲ့ အတူ
ဘယ်ဘက်ရင်အုံမှာ အလံဖြူတစ်ခုစိုက်ထားခဲ့မယ် ။





No comments: