Gallary

Monday, June 30, 2008

ယုံပါတယ်ခင်ဗျ

တနေ့ ကျနော့်အသိ တစ်ယောက် ရေယုံပေါက်လို့ မန်းတတ်တဲ့ အဘိုးကြီးတစ်ယောက်ဆီသွားအပြ ကျနော်လည်း လိုက်သွားလိုက်တယ် .....။ ဟိုရောက်တော့ မန်းပေးမယ့်အဘိုးကြီးနဲ့တွေ့ ပါရော သူနဲ့ အတူ သူ့မိန်းမလို့ ထင်ရတဲ့ အဘွားကြီးတစ်ယောက်လည်း ရှိပါတယ်....။ ကျနော်တို့ကလည်း ရေယုံပေါက်လို့ လာပြတဲ့ အကြောင်းပြောလိုက် တယ်။ အဖွားက ကျနော်တို့ကို နေရာထိုင်ခင်းချ ပေးပြီးတော့  ....“ ဟုတ်တယ်လူလေးတို့ ရေ ရာသီဥတုကဖောက် ပြန်တော့ ကလေးရော လူကြီးရော ရေယုံတွေ ပေါက်ကျ တယ် ” လို့ပြောပါတယ် ။ အဲအဲ ကျနော်ပြောချင်တာက မန်းတဲ့ အကြောင်းကို ပေါ့ .. ပထမ ရေယုံပေါက်နေတဲ့ ကျနော့်အသိကို အ င်္ကျီ ကိုချွတ်ခိုင်းပြီး သူမန်းထားတဲ့ ရေခွက်ကိုင်လို့ မေးပါတယ် ...
အဖိုး .... “ ဒါရေဟုတ်တယ်ဆိုတာ ယုံလား ”
ကျနော့်အသိ ... “ ယုံပါတယ်ခင်ဗျ ”
အဖိုး .... “ ဒါရေဟုတ်တယ်ဆိုတာ ယုံလား ”
ကျနော့်အသိ ... “ ယုံပါတယ်ခင်ဗျ ”
အဖိုး .... “ ဒါရေဟုတ်တယ်ဆိုတာ ယုံလား ”
ကျနော့်အသိ ... “ ယုံပါတယ်ခင်ဗျ ” သုံးကြိမ် သုံးခါ အတိုင်အဖောက်ညီ ညီ ပြန်ဖြေရပါတယ်။
ပြီးတော့ ရေယုံပေါက်နေတဲ့ဘေးပတ်ပတ်လည်ကို ရေမန်းနဲ့ လိုက်ပက် ပါတယ် ...။
ကျနော်တို့လည်း အပြန်လမ်းမှာ ယုံပါတယ်ခင်ဗျ အော်လို့
ဘ၀မှာ ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ ယုံလိုက်ရ တာတွေလည်း မနည်းပါလားလို့ တွေးရင်း .....။

1 comment:

U NU OF BURMA said...

ယုံပါတယ်ခင်ဗျလို့ အော် ပြန်လာပီး နောက်ပိုင်းဘာဖြစ်သွားလဲဗျ။
.....
အဲဒီလိုကုထုံးအတိုင်းကျနော်လဲကြုံဖူးတယ်။
ကျနော်တွေ့ တဲ့ဆရာကတော့ ဆွေနီးမျိုးစပ်ထဲကမို့  ကုထုံးရဲ့ (လျို့ ဝှက်ချက်)“ပြုချက်” ကိုပြောပြဖူးတယ်။
အဲဒီနည်းကဓါတ်ရိုက်ဓါတ်ဆင်နည်းနဲ့  ရေယုံ(န်)ခြင်းလဲလိုက်တာ တဲ့။
ခါခြင်အုံကြီးပြောင်းသွားအောင် အောက်ကနေပြောင်းပင်စိုက်တာမျိုးတဲ့။
လောကမှာကျနော်တို့ မသိတဲ့အရာတွေအများကြီးမို့ 
ကျနော်ကတော့ဒါလဲတခုဖြစ်မှာပေါ့လို့ မှတ်ခဲ့ပါတယ်။

p:)လွန်ခဲ့သောနှစ်၄၀နီးပါးကကြုံဖူးခြင်းဖြစ်။
မြန်မာဗိန္ဒောဆရာကြီး ဆရာပျိုခင်ထံမှ မှတ်သားမိခြင်း။