Gallary

Monday, June 30, 2008

ဘာကောင်လဲဟဲ့အဲ့ဒီကောင်

အဲ့ဒီကောင်ပေါ့ ကျနော်တို့ အသည်းအသန်လိုက်ရှာနေတာ ...။ ကျနော်တို့ အလိုရှိသလိုခင်ဗျားလဲ သူ့ကို အလိုရှိ တာပဲ။ တော်တော်များများ ကတော့ အဲ့ဒီကောင်ရှိမှ အဆင်ပြေတယ်။ ဒီကောင်ကြောင့်ပဲ တော်တော်များများ ပြဿနာတက်ကြတယ်ဗျ ...။ သူနဲ့ပေါင်းသင်းတတ်တဲ့သူများကတော့ အဆင်ပြေလိုက်လေခြင်း ... အေးးးး သူနဲ့ မ ပေါင်းတတ်လို့ကတော့ သူကမင်းနဲ့ ဝေးရာကိုပြေးလိမ့်မယ်ဟေ့ ....။ ဒါဆို ခင်ဗျားတို့ သိလောက်ရောပေါ့ ကျနော်က တော့သူ့ ကို ပိုက်ပိုက်လို့ ချစ်စနိုးခေါ်တယ် ( ထွက်ပြေးသွားမှာစိုးလို့ အချိုသတ်တာ) ။ အဲ့လိုဆို ပိုက်ပိုက် နဲ့စား ၊ ပိုက်ပိုက်နဲ့ သွား ၊ ပိုက်ပိုက်နဲ့နေပေါ့ .... ဒီလိုဆိုရင် ရော ခင်ဗျားစိတ်ချမ်းသာသွားမယ်လို့ ထင်လား မထင်နဲ့ ကိုယ့်လူရေ ...။
လောကမှာပိုက်ပိုက်ပေးလို့ မရနိုင်တာတွေရှိပါသေးတယ်တဲ့ဗျာ .. .အဲ့ဒါတွေကို သိလားဗျ
မသိသေးရင်ပြောပြမယ် အကိုတယောက်ကကျနော့်ကို mail နဲ့ ပို့ပေးထားတာလေးတွေ ဖတ်ကြည့်လိုက်နော် ။

WITH MONEY YOU CAN BUY A HOUSE, BUT NOT A HOME.

WITH MONEY YOU CAN BUY A CLOCK, BUT NOT TIME.


WITH MONEY YOU CAN BUY A BED, BUT NOT SLEEP.


WITH MONEY YOU CAN BUY A BOOK, BUT NOT KNOWLEDGE.


WITH MONEY YOU CAN SEE A DOCTOR, BUT NOT GOOD HEALTH.


WITH MONEY YOU CAN BUY A POSITION, BUT NOT RESPECT.


WITH MONEY YOU CAN BUY BLOOD, BUT NOT LIFE.


WITH MONEY YOU CAN BUY SEX, BUT NOT LOVE.


ကဲ အဲ့ဒါတွေပဲဗျ...
သူငယ်ချင်းတို့အားလုံးလည်း ပျော်ရွှင်မှုအစစ်အမှန်ကို ရှာဖွေတွေ့ရှိနိုင်ပါစေလို့ ဆန္ဒပြုရင်း .......။

1 comment:

ဇင်ယော် said...

သူမရှိရင် မနေတတ်လို့  သူ့ ကိုမတွေ့  တွေ့ အောင်ရှာလိုက်ရတာ။ တွေ့ ပြန်တော့ သူက အနားမှာ ကြာကြာမနေဘူး။ အဝေးကို ခဏခဏထွက်ပြေးလို့  စိတ်ညစ်ရသေးတယ်။ လကုန်ခါနီးရင် သေချာပေါက် ပျောက်ပျောက် သွားတတ်သူရယ် ..... ရက်စက်လေခြင်း။။။။