Gallary

Wednesday, July 9, 2008

ခုတော့လည်း ...


“ကိုယ်က မုဆိုးဖြစ်တဲ့အခါ....
ကိုယ်ဆင်ထားတဲ့ထောင်ချောက်ထဲ ၀င်လာတဲ
့သားကောင်ကိုကြည့်ပြီး ပီတိဖြစ်နေနိုင်သလို ... .. ။
ကိုယ်က သားကောင်အဖြစ်ရောက်ရတဲ့အခါမှာတော့
ဘ၀ရဲ့တစိတ်တပိုင်း ဒါမှမဟုတ် ရှင်သန်ခြင်းတစ်ခုတွက်
စတေးရတယ်ဆိုတာ .....”

ဒီစာသားလေးကို ဖတ်ပြီး ကျနော့်ဝါသနာက ဘာဖြစ်မလဲဆိုတာခန့်မှန်းကြည့်ပါလားဗျ ..။ သူငယ်ချင်းတော့ထင် မှာပဲနော် “ အင်း ဒီကောင့်ဝါသနာက တောလိုက်ထွက်တာလား” လို့ပေါ့။ ဟုတ်ဘူးနော် ...ထပ်ပြောမယ် အဖြူအမဲ အကွက်များပေါ်တွင် လဘ္ကက်ရည်ဖိုးရှာခြင်း အဲအဲ ယောင်လို့ အရုပ်တွေရွှေ့ကစားခြင်းပေါ့။ ဂလောက်ဆို သဘောပေါက်တယ်နော်။ ကျောင်းသားဘ၀တုန်းကတော့ ကျောင်းကျောင်းဆိုပြီး ကန်တင်းမှာတ နေကုန်ထိုင် စစ်တုရင်ကစားလို့ ပျော်စရာတော့အကောင်းသားဗျ ...။ အချိန်တန်တော့ suppli လေးဖြေ။ ဒီလိုနဲ့ ဘွဲတခုရ ...။ အော် ခုတော့လည်း လက်တွေ့ဘ၀မှာ အမောတကောနဲ့ စတေးကွက်တွေ ချချသုံးလို့ ... . ။

2 comments:

ကိုရင်နော်ခင်လေးငယ် said...

ကိုဖြိုးရေ....
ကိုယ့်ဖာသာ “သားကောင်” လား၊ “မုဆိုး” လား
ဆိုတာ မသိတဲ့ အရူးတစ်ယောက် လိုပါဘဲရှင်..

ဇင်ယော် said...

ဟုတ်ပါ့ ဗျာ။ တခါတလေများ ပြန်ရမလားဆိုပြီး ချကြွေးမိပါတယ်။ ရှိသမျှသာ ကုန်သွားတယ်။ တကောင်မှ အစားပြန်မရဘူး။ ။ ။