Gallary

Sunday, July 6, 2008

တပတ်ပြန်နာရီ ..

မနက်မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်တာနဲ့ သတိရခြင်းတွေကကျိန်းစပ်လို့ ။ မသိကျိုးကျွန်ပြုမှုထဲ သိမှုတခုကတော့ ကြမ်းပိုးကိုက်ရာမှာ သွေးစို့ နေတယ်။ ငါ့အတွက်တော့ ဒီလောကကြီးက လင်းနို့လို ဇောက်ထိုးနေ မှ တည့် မယ့်ဘ၀ ပေါ့။ ဗျာ .... ဟုတ်ကဲ့ ..... အင်း .... လို့ပြောနေပေမယ့် ဘယ်အရာမှကိုမကြောက်တဲ့ သူပုန်တစ်ယောက် ........။စာရိတ္တတွေကို ဖြန့်ခင်းထားလို့ ရောင်းချနေတာမဟုတ်ဘူး .. မှတ်ကျောက်တင်ချင်တယ်ဆိုရင်လာခဲ့။
( ပြဿဒါး ၊ ရက်ရာဇာမရွေးဘူး ) ...။ ဒါပေမယ့် ကံကောင်းမှုဆိုတာ ဘယ်လိုပုံစံရှိတဲ့ကောင်လဲလို့ လူတကာကိုလိုက်မေးရမယ့် အဖြစ်။ အညှီအစို့ ဆိုတာ ယင်ကောင်တစ်ကောင်အတွက် စည်းစိမ်တဲ့လား . .. ဒါဆို ယင်ကောင်ဖြစ်ဖို့ သတ္တိလိုလို့ လား ပြောတော့ ဘယ်အရာကိုမှမကြောက်တဲ့ သူပုန်ဆို...။ ဖြူကာပြာကာကျတဲ့ စဉ်းစားမှုတွေနဲ့ ......
မနက်မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်တော့လည်း သတိရခြင်းတွေကကျိန်းစပ်လို့ ။


2 comments:

တားမြစ် ထားသော... said...

ဖတ်လို့ကောင်းတယ်ဗျ။ အောက်နားကပုံလေးက အတွေးနယ်ချဲ့စေတယ်။

Unknown said...

တိုတိုလေးနဲ့ ရေလည်မိုက်တယ်ဗျာ။ ဒီစာသားလေးတော့ အကြိုက်ဆုံးပဲ (မှတ်ကျောက်တင်ချင်တယ်ဆိုရင်လာခဲ့။
( ပြဿဒါး ၊ ရက်ရာဇာမရွေးဘူး ) ...။ ) ။ အားပေးလျက်ပါ...။
BLACK DREAM