Gallary

Monday, June 30, 2008

ဘာကောင်လဲဟဲ့အဲ့ဒီကောင်

အဲ့ဒီကောင်ပေါ့ ကျနော်တို့ အသည်းအသန်လိုက်ရှာနေတာ ...။ ကျနော်တို့ အလိုရှိသလိုခင်ဗျားလဲ သူ့ကို အလိုရှိ တာပဲ။ တော်တော်များများ ကတော့ အဲ့ဒီကောင်ရှိမှ အဆင်ပြေတယ်။ ဒီကောင်ကြောင့်ပဲ တော်တော်များများ ပြဿနာတက်ကြတယ်ဗျ ...။ သူနဲ့ပေါင်းသင်းတတ်တဲ့သူများကတော့ အဆင်ပြေလိုက်လေခြင်း ... အေးးးး သူနဲ့ မ ပေါင်းတတ်လို့ကတော့ သူကမင်းနဲ့ ဝေးရာကိုပြေးလိမ့်မယ်ဟေ့ ....။ ဒါဆို ခင်ဗျားတို့ သိလောက်ရောပေါ့ ကျနော်က တော့သူ့ ကို ပိုက်ပိုက်လို့ ချစ်စနိုးခေါ်တယ် ( ထွက်ပြေးသွားမှာစိုးလို့ အချိုသတ်တာ) ။ အဲ့လိုဆို ပိုက်ပိုက် နဲ့စား ၊ ပိုက်ပိုက်နဲ့ သွား ၊ ပိုက်ပိုက်နဲ့နေပေါ့ .... ဒီလိုဆိုရင် ရော ခင်ဗျားစိတ်ချမ်းသာသွားမယ်လို့ ထင်လား မထင်နဲ့ ကိုယ့်လူရေ ...။
လောကမှာပိုက်ပိုက်ပေးလို့ မရနိုင်တာတွေရှိပါသေးတယ်တဲ့ဗျာ .. .အဲ့ဒါတွေကို သိလားဗျ
မသိသေးရင်ပြောပြမယ် အကိုတယောက်ကကျနော့်ကို mail နဲ့ ပို့ပေးထားတာလေးတွေ ဖတ်ကြည့်လိုက်နော် ။

WITH MONEY YOU CAN BUY A HOUSE, BUT NOT A HOME.

WITH MONEY YOU CAN BUY A CLOCK, BUT NOT TIME.


WITH MONEY YOU CAN BUY A BED, BUT NOT SLEEP.


WITH MONEY YOU CAN BUY A BOOK, BUT NOT KNOWLEDGE.


WITH MONEY YOU CAN SEE A DOCTOR, BUT NOT GOOD HEALTH.


WITH MONEY YOU CAN BUY A POSITION, BUT NOT RESPECT.


WITH MONEY YOU CAN BUY BLOOD, BUT NOT LIFE.


WITH MONEY YOU CAN BUY SEX, BUT NOT LOVE.


ကဲ အဲ့ဒါတွေပဲဗျ...
သူငယ်ချင်းတို့အားလုံးလည်း ပျော်ရွှင်မှုအစစ်အမှန်ကို ရှာဖွေတွေ့ရှိနိုင်ပါစေလို့ ဆန္ဒပြုရင်း .......။

ယုံပါတယ်ခင်ဗျ

တနေ့ ကျနော့်အသိ တစ်ယောက် ရေယုံပေါက်လို့ မန်းတတ်တဲ့ အဘိုးကြီးတစ်ယောက်ဆီသွားအပြ ကျနော်လည်း လိုက်သွားလိုက်တယ် .....။ ဟိုရောက်တော့ မန်းပေးမယ့်အဘိုးကြီးနဲ့တွေ့ ပါရော သူနဲ့ အတူ သူ့မိန်းမလို့ ထင်ရတဲ့ အဘွားကြီးတစ်ယောက်လည်း ရှိပါတယ်....။ ကျနော်တို့ကလည်း ရေယုံပေါက်လို့ လာပြတဲ့ အကြောင်းပြောလိုက် တယ်။ အဖွားက ကျနော်တို့ကို နေရာထိုင်ခင်းချ ပေးပြီးတော့  ....“ ဟုတ်တယ်လူလေးတို့ ရေ ရာသီဥတုကဖောက် ပြန်တော့ ကလေးရော လူကြီးရော ရေယုံတွေ ပေါက်ကျ တယ် ” လို့ပြောပါတယ် ။ အဲအဲ ကျနော်ပြောချင်တာက မန်းတဲ့ အကြောင်းကို ပေါ့ .. ပထမ ရေယုံပေါက်နေတဲ့ ကျနော့်အသိကို အ င်္ကျီ ကိုချွတ်ခိုင်းပြီး သူမန်းထားတဲ့ ရေခွက်ကိုင်လို့ မေးပါတယ် ...
အဖိုး .... “ ဒါရေဟုတ်တယ်ဆိုတာ ယုံလား ”
ကျနော့်အသိ ... “ ယုံပါတယ်ခင်ဗျ ”
အဖိုး .... “ ဒါရေဟုတ်တယ်ဆိုတာ ယုံလား ”
ကျနော့်အသိ ... “ ယုံပါတယ်ခင်ဗျ ”
အဖိုး .... “ ဒါရေဟုတ်တယ်ဆိုတာ ယုံလား ”
ကျနော့်အသိ ... “ ယုံပါတယ်ခင်ဗျ ” သုံးကြိမ် သုံးခါ အတိုင်အဖောက်ညီ ညီ ပြန်ဖြေရပါတယ်။
ပြီးတော့ ရေယုံပေါက်နေတဲ့ဘေးပတ်ပတ်လည်ကို ရေမန်းနဲ့ လိုက်ပက် ပါတယ် ...။
ကျနော်တို့လည်း အပြန်လမ်းမှာ ယုံပါတယ်ခင်ဗျ အော်လို့
ဘ၀မှာ ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ ယုံလိုက်ရ တာတွေလည်း မနည်းပါလားလို့ တွေးရင်း .....။

Sunday, June 29, 2008

ချစ်ဖို့ကောင်းတဲ့ ကောင်လေး

IPB Image Boss is not here! ( ကဲသာကဲ..... ကဲသာကဲ မင်းဂရုမစိုက်နဲ့ )


IPB Image Boss is calling. ( သေပြီဆရာ )


IPB Image In a meeting. ( အိပ်မက်ထဲ မှာလည်းမင်းပေါ့ကွာ )


IPB ImageTraining .( ကြည့်ကွေးဆောင် ခွာကိုက်တောဆုံဆုံခွေ့) တရုတ်စကားပြော သင်တန်း


IPB ImageTea break. ( ဒန်တန့်တန် ဒန်တန့်တန် )


IPB Image Before noon in weekend. ( တနေကုန်ပင်ပန်းလာသမျှ စောင်ခြုံကွေး ဟေးဟေး )


IPB ImageReady for getting offwork. ( ဟိုတွားမယ် ဒီတွားမယ် တယ်တဲ့တယ် )


IPB Image Tomorrow is holiday. ( ရက်စ် အသကုန်ကဲမယ်ဟေ့ )


IPB Image Got today's target from boss. ( ညစ်ဒယ် ညစ်ဒယ် ညစ်ဒယ်)


IPB Image Tough target. ( နာ့ဘ၀တော့ ပျက်ပါပီဂျ )


IPB Image Find impossible to meet boss requirement. ( သေတာက မှ အေးအုံးမယ် အဟီးးးးးးးးးး )


IPB Image OT for 2 hrs. ( ငါ့နှယ် နော် ချိန်းထားတာတော့ တွားပါပီဟ )


IPB Image OT for a whole night. ( လုံးဝ လုံးဝ ညည်းခံနိုင်တော့ဘူး )


IPB Image Being notified to OT weekends.


IPB Image Made mistakes in work. (ကံဆိုးမသွားရာမိုးလိုက်လို့ရွာ အာဟား အာဟား)


IPB Image Little achievement. ( ငါကွ .. အားလုံးကိုသောက်ချဉ်ပဲ )


IPB Image Frustrating things happens. ( အဟီး ...အမေ့ကိုပဲတတိရဒယ် အိမ်ကျန်တော့မယ် )


IPB Image Finance person doesn't give the money. ( ......မသား တေစမ်းဟယ် )


IPB Image Being advised no Bonus this year. ( အားးးးး !@#$%^&*&^%##@ )


ကျနော့်အတိုင်းပဲ ...။ သူငယ်ချင်း မင်းရီနေတယ်မဟုတ်လား အဟတ်အဟတ် :D

Thursday, June 26, 2008

ကြာသာပတေးနေ့ည


အလွမ်းရနံ့တွေသင်းတဲ့ညက
သတိရခြင်းတွေနဲ့ အိပ်မက်တွေတည်ဆောက်
ပင့်သက်ရှိုက်သံတွေလည်း ခဏခဏလွှတ်ကျလို့
ငါ့ညကို အမှောင်ထုထဲ ဆွဲချထားတယ် ....
ဝေဒနာ တခုက တဘ၀စာ အသက်ရှုခွင့်မပေးဘူး
ဒီညကိုကျော်ဖြတ်ဖို့ ရင်ဘတ်က နိမ့်လိုက်မြင့်လိုက်နဲ့
မနက်ဖြန် သူနဲ့တွေ့ဖို့ ချိန်းထားတယ်.
ရောက်မလာနိုင်ခဲ့ရင်လည်း
ကဗျာတစ်ပုဒ်နဲ့ အတူ
ဘယ်ဘက်ရင်အုံမှာ အလံဖြူတစ်ခုစိုက်ထားခဲ့မယ် ။





Wednesday, June 25, 2008

ဆားပါသော စကားလုံးများ ...



ရည်ရွယ်ချက်ရှိရှိနဲ့
စုပြုံလို့ကျလာတယ်
အားးး
ဘာတွေလဲကောက်ကြည့်လိုက်တော့
စကားလုံးတွေ
တချို့က ကြမ်းရှရှ
တချို့က ချော်တော်တော်
တချို့က ......
......................
အဲ့ဒီအရာတွေနဲ့တော့
ဒီကမောင်
အယားမပြေဘူး
ဒါပေမယ့်
ပြည်ပန်းညိုလည်း
မချိုတော့ဘူး ...။


စိတ်အချဉ်ပေါက်သောနေ့တနေ့

Sunday, June 22, 2008

အဖေ

ကျနော် 4 နှစ်သားတုန်းက ... ငါ့ဖေဖေကြီးဘာမဆိုလုပ်တတ်တယ်။

ကျနော် 5 နှစ်သားတုန်းက ... ငါ့ဖေဖေကြီး မသိတာဘာမှမရှိဘူး။

ကျနော် 6 နှစ်သားတုန်းက ... ငါ့ဖေဖေကြီးက မင်းအဖေထက်တော်တယ်ကွ။

ကျနော် 8 နှစ်သားတုန်းက ... တို့အဖေက အကုန်လုံးတော့အတိအကျ မသိဘူး။

ကျနော် 10 နှစ်သားတုန်းက ... အဖေတို့ ငယ်ငယ်တုန်းကနဲ့ ခုနဲ့ ခြားစီပဲ။

ကျနော် 12 နှစ်သားတုန်းက ... အင်းအဲ့ဒါတော့ အဖေလည်းဘယ်သိပါ့မလဲ။

သူက အသက်ကြီးပြီဆိုတော့ ကလေးတုန်းကအကြောင်းတွေမမှတ်မိဘူးလေ။

ကျနော် 14 နှစ်သားတုန်းက ... အဖေတော့ထည့်ပြောမနေနဲ့ သူကရှေးရိုးသမားကြီးလေ။

ကျနော့်အသက် 21 နှစ်မှာ ...အဘိုးကြီးပါလား ... ထားပါတော့အောက်နေပြီလုံးဝအောက်နေပြီ။

ကျနော့် အသက် 25 နှစ်မှာ ... အဖေလည်းနဲနဲပါးပါးတော့သိတယ်လေ ၊ လူကြီးပဲဟာ။

ကျနော့် အသက် 30 ကျတော့ .. အဖေ့ကိုနည်းနည်းပါးပါး မေးမြန်းကြည့်ရင်ကောင်းမယ်။
 ဘာပဲပြောပြော အတွေ့ အကြုံအများကြီးရှိတယ် ။

ကျနော့်အသက် 35 နှစ်မှာ ... အဖေနဲ့တိုင်ပင်ပြီးမှပဲဒီကိစ္စအတွက် ငါတစ်ခုခုလုပ်နိုင်မယ်။

ကျနော့်အသက် 40 နှစ်မှာ ... အဖေသာဆိုရင် ဒီကိစ္စဘယ်လိုဖြေရှင်းမလဲမသိဘူး ၊
အဖေက အတွေ့အကြုံစုံတယ် ၊ အမြော်အမြင်လည်းရှိတယ်။

ကျနော့်အသက် 50 လည်းရောက်ရော ... ဒီကိစ္စခုနေသာ အဖေနဲ့တိုင်ပင်ခွင့်ရမယ်ဆိုရင်
ဘယ်လောက်ပေးရပေးရ ငါပေးပါတယ်၊ အဖေ့အရည်အချင်းတွေသူရှိတုန်းကကောင်းကောင်းသတိမထား မိတာသိပ်နှမြောစရာကောင်းတယ်၊ တကယ်ဆိုငါ့အဖေဆီက အများကြီးရလောက်ဖို့ကောင်းတယ်။



( ဒီကဗျာလေးကိုကြိုက်တယ် ...... ၊ အဖေ့ကို သတိရတယ် . .သတိရတယ် ... သတိရတယ် ... သတိရတယ် ...

သတိရတယ် .. သတိရတယ် ............... .. .....။ )

အဆုံးသတ်ခဲ့ရသော ..

ငါ့ပခုံပေါ်မှာ လေးနေတယ် အဲ့ဒါ ..

တာဝန်တွေ

ငါ့ရင်ဘတ်မှာနာနေတယ် အဲ့ဒါ..

ဝေဒနာတွေ

ငါက

တဖက်တချက်ဆီကနေ

တာဝန်နဲ့

ဝေဒနာတွေရဲ့

ဆွဲဆန့်ခြင်းခံနေရတဲ့

သရေကြိုးတစ်ချောင်းပေါ့

နောက်ဆုံးတော့လည်း ................. .

.............................................

................................

.........။

Friday, June 20, 2008

တပိုင်းတစ ဖြစ်ရသောအပိုင်းအစများ

်အပိုင်းအစများ (1)

ဘာလိုလိုနဲ့ ညနေခင်းတောင်အိပ်တန်းတတ်နေပြီ နော် .....
အရင်တုန်းကတော့ဒီလိုညနေခင်းတွေ ဟာ ရယ်သံတွေနဲ့ ခြံရံထားတဲ့ ငွေရောင်အနားသပ်တွေပေါ့ ...မှတ်မှတ်ရရ အဲ့ဒီနေ့က နေပူပြီး ပင်ပန်းမှုတွေ အငွေ့တလူလူ ထွက်နေတဲ့ အချိန်မှာ မင်းကို စတင်တွေရှိခဲ့တယ်။ပြီးတော့ သိပ်မ ဆန်းကြယ် တဲ့တွေဆုံမှုတွေ နဲ့အတူ ရင်းနှီးမှုတွေလည်း မွေးဖွားခဲ့တယ်နော် ..။နောက်တော့ မင်းကို အချိန်တိုင်း တွေ့ ချင်တယ်ဆိုတဲ့ လက္ခဏာပြမှုတွေနဲ့အတူရောဂါတွေ ကျွမ်းခဲ့တဲ့ကောင်ဟာငါဖြစ်ခဲ့တယ် လေ.. .။ တနေ့မင်းနဲ့ ဝေးရ မယ် ဆိုတဲ့ စိုးရိမ်စိတ်တွေက ဧရာဝတီမြစ်ရေတွေနဲ့ အတူအတက်အကျဖြစ်လို့ ...အိပ်စက်မှုတွေ ကို တိုက်စား ....။ မှတ်ထားးးးးးး ငါကမင်းနဲ့ နီးရဖို့အတွက်မင်းအသိုင်းအ ၀ိုင်း ရဲ့အလိုကျ ပျော်ဝင်ပြမယ့်ပုံဆောင်ခဲ တခုဆိုတာကိုပေါ့ ။


အပိုင်းအစများ(2)

အဲ့ဒီနေ့ညက အိပ်မက်တွေကိုသီကုံး လို့ ပျော်ရွှင်မှုတွေလည်း လေဆန် မှာမွှေးပျံ့ခဲ့တယ်လေ .... ။ မင်းနဲ့အတူတူ ခရီးထွက်ရမယ်ဆိုတော့....။ ခုတော့လဲ အိပ်မက်က လန့်နိုးတိုင်း စည်းချက်မမှန်တဲ့ နှလုံးသားတစ်စုံက အလွမ်းသင့် သံစဉ် တွေနဲ့ ရစ်သမ်ညှိလို့ ....။ ငါက မင်းအတွက်နဲ့ ဘယ်ပတ်ဝန်းကျင်ကိုမှ ဂရုမစိုက်ဘူး ..... သူငယ်ချင်းဆိုတာ တွေကလဲ မင်းနဲ့ ယှဉ်ရင် ဒုတိယနေရာမှာပေါ့ ...။ မင်းကတော့ မင်း ပတ်ဝန်းကျင် မင်းသူငယ် ချင်း တွေရဲ့ အနောက်မှာ ငါ့ကို မှုန်ဝါ၀ါ ရပ်တန့်စေလို့ .....။ ဘာလိုလိုနဲ့ ခုဆို သန်းခေါင်တွေတောင် ညဥ့်နက်နေပြီနော် ....................................... ... ..။


အပိုင်းအစများ ( 3 )

မင်းနဲ့အတူ နားလည်မှုတွေယူလို့ တယောက်နဲ့တယောက်ယုံကြည်မှုတွေ တည် ဆောက် ခဲ့ ညနေခင်းကို မမေ့ဘူး။ အချစ်ဆိုတာ တစ်ယောက်ကိုတစ်ယောက်နားလည်ခြင်းတဲ့ ..... အဲ့ဒီတော့ တစ်ယောက်ကို တစ်ယောက် နားလည်ခဲ့ကြတဲ့ ငါတို့ကြားမှာလည်း ??????????? ။ Question mask တွေနဲ့ မေးခွန်းများခဲ့တယ် နော် ...။ ချစ်တယ် ဆိုတာကို ဘာနဲ့မှ သက်သေပြစရာမလိုဘူးလို့ မင်းပြောခဲ့တယ် . ...အကယ်၍များတစ်နေ့ နေ့မှာလိုအပ်ခဲ့ ရင် ငါက မင်းအတွက်နဲ့ အမှန်တရားဘက်က မှားပြမယ့်သူ တစ်ယောက်ပေါ့။

ကျနော့်အတွက် အဲ့ဒီကြောင်းအရာတွေက ဘယ်တော့မှပြောင်းလဲမသွားပေမယ့် .... သူ့အိမ်မျက်နှာစာမှာတော့ မိုးမခပန်းတွေပွင့်လို့ ....... ....။

Saturday, June 7, 2008

လေပြေ


မျှော်လင့်ချက်တွေပြည့်နှက် နေတဲ့ဘ၀ခရီးမှာ

ရှင်သန်ခြင်းတွေ နပ်မှန်ဖို့

ဇောချွေးတွေ ငွေရည်ပျံနေတဲ့ ငါက

မင်းဆီက လေပြေ တချက်ကိုမျှော်လင့်နေလေရဲ့

ငါမျှော်လင့်တဲ့ ချစ်လေပြေ ...

တနေ့တော့ရောက်ပါစေ ။

Sunday, June 1, 2008

ကျွန်းသားလေးကျနော်

ကျွန်တော့်ကို တနသာင်္ရီတိုင်း မြိတ်ကျွန်းစုတွေထဲ ကကျွန်းလေးတစ်ကျွန်းမှာ မွေးဖွားခဲ့တယ် .. ...
အဲ့ဒီနေ့က မိုးတွေအရမ်းရွာပြီး လှိုင်းတွေလည်း အရမ်းကြီးနေတဲ့ အချိန်မှာပေါ့ ။ အဲ့လိုပဲ ကျနော့်ရဲ့ ငယ်စဉ်ကလေးဘ၀က အေးချမ်းပြီးပျော်ရွှင်စရာကောင်းတယ်လို့ ဆိုရမှာပဲ။ ပြန်စဉ်းစားမိတိုင်း ကမ်းစပ်မှာအဖေနဲ့ အတူ စွန်လွှတ်ခဲ့တဲ့ အချိန်ကို မနေ့ကလိုပဲ မျက်စိထဲမြင်နေပါသေးတယ်. .။ ရှေ့ဆက်ရမယ့်ခရီးမှာ ဘာတွေကြုံတွေရမယ်ဆိုတာ မသိ သေးတဲ့ ကလေးတစ်ယောက်ရဲ့ စိတ်အေးလက်အေးပျော်ရွှင်မှုမျိုးနဲ့ပေါ့ .....
တချို့အကြောင်းအရာတွေဟာ အတိတ်မှာ ၀ိုးတ၀ါးကျန်နေခဲ့ပေမယ့် သေချာတာတစ်ခုကတော့ ကျနော်ဟာ အဖြူရောင်စိတ်ထားရှိတဲ့ ကျွန်းသားလေးတစ်ယောက်ဆိုတာပါပဲ ..။